ဝက်လက်- လှတောကားလမ်း၌ ယာဉ်တိုက်မှုဖြစ်

ဝက်လက်  ၃၁  ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် ဝက်လက် - လှတောကားလမ်းတွင် ဇန်နဝါရီ ၃၀ ရက် မွန်းလွဲပိုင်းက ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

 ဖြစ်စဉ်မှာ ဇန်နဝါရီ ၃၀ ရက် မွန်းလွဲ ၂ နာရီခန့်က ဝက်လက် - လှတောလမ်းအတိုင်း အရှေ့မှ အနောက်သို့ ကျော်နိုင်ထွန်း (ခ) ရန်နိုင်ဉီး (ခ) ဘိုဘို မောင်းနှင်လာသော မော်တော်ယာဉ်နှင့် အနောက်မှအရှေ့သို့ မိုးဟိန်း မောင်းနှင်လာသော ခရီးသည်တင်မော်တော်ယာဉ်တို့ဟာ ပင်းဇင်းကျေးရွာ အနောက်ဘက် မိုင်တိုင်အမှတ် 3 KM အရောက် တိုက်မိခဲ့ရာ ခရီးသည်တင်မော်တော်ယာဉ်တွင် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်းနှစ်ဉီးကို ဝက်လက်မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

မိုးသောက်(ရွှေဘို)