ဝက်လက်မြို့၌ မြို့နယ်အဆင့် ကျောင်းကျန်းမာရေး ဆင့်ပွားသင်တန်း ဖွင့်လှစ်

ဝက်လက်   ဇန်နဝါရီ   ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို အခြေခံပညာ အထက်တန်းကျောင်းတွင် ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းက မြို့နယ်အဆင့် ကျောင်းကျန်းမာရေး ဆင့်ပွားသင်တန်း ဖွင့်လှစ်ရာ ဆရာ ဆရာမ ၂၀၀ တက်ရောက်ခဲ့ကြသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်ကျောင်းကျန်းမာရေးကော်မတီ နာယက မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်လှိုင်က အမှာစကား ပြောကြားပြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသန့်ဇင်လတ်က သင်တန်းဖွင့်လှစ်ရခြင်းကို ရှင်းလင်းပြောကြားသည်။

ကျောင်းကျန်းမာရေးဆင့်ပွားသင်တန်းသို့ မြို့နယ်တွင်းရှိ ကျေးရွာအသီးသီးမှ ဆရာ ဆရာမ ၂၀၀ တက်ရောက်ခဲ့ပြီး သင်တန်းကို နှစ်ရက်ကြာ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းသိရသည်။

စိုးစိုးလှိုင်(ဝက်လက်)