ဝါးလက်မှုပစ္စည်းများအသုံးပြုမှု၍ အလှဆင်မှုများတွင်ကျယ်လာသောကြောင့် တီထွင်ထားသည့် ဝါးလက်မှုပစ္စည်းဈေးကွက်မှာ ပြည်တွင်း၌ပင် ဝယ်လိုအားများနေ


ရန်ကုန် မေသူ ၂၃
မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီး၊ မြို့ငယ်များတွင် ဝါးလက်မှုပစ္စည်းများအသုံးပြုမှု၍ အလှဆင်မှုများတွင်ကျယ်လာသောကြောင့် တီထွင်ထားသည့် ဝါးလက်မှုပစ္စည်းဈေးကွက်မှာ ပြည်တွင်းဈေးကွက်၌ ဝယ်လိုအားများနေကြောင်း ဝါးလက်မှုပညာရှင် ဦးကျော်ဝင်းက ဆိုသည်။
ယခုနောက်ပိုင်းတွင် ဝါးများကိုအသုံးပြုကာ  ဆိုင်အပြင်အဆင်များ ဆောင်ရွက်လာကြသကဲ့သို့ ဝါးလက်မှုပစ္စည်းများ အသုံးပြု၍ အလှဆင်ပုံဖော်မှုများကိုလည်း ခပ်စိပ်စိပ်တွေ့မြင်လာရကြောင်း ၄င်းကဆိုသည်။"အခုကဝါးက သမရိုးကျဝါးပဲဖြစ်ဖြစ်၊ တီထွင်ထားတဲ့ ဝါးလက်မှုပစ္စည်းတွေပါ ရောင်းအား၊ ဝယ်အားက ရှိတယ်။ ဝယ်လက်ရဲ့ စိတ်ဝင်စားမှုက တဖြည်းဖြည်းနဲ့တိုးလာတယ်။ မြို့ကြီးတွေရော၊ မြို့လေးတွေမှာရော ဝါးလေးတွေနဲ့အလှဆင်တာ၊ လုပ်တာကိုင်တာတွေရှိလာတယ်။ demand များလာတယ်ပေါ့နော်။ ကျွန်တော်တို့ ပြည်တွင်းဝါးဈေးကွက်က နိုင်ငံခြားက ဝယ်လက်ဝါးဈေးကွက်ထက် မြင့်တယ်။ ပေးရတာများတယ်။ လက်ကျန်ပစ္စည်းမရှိအောင်တင် တောက်လျောက်ပို့နေရတာပေါ့" ဟု ဦးကျော်ဝင်းက ဆိုသည်။
ဝါးလက်မှုပစ္စည်းတီထွင်သူများအနေဖြင့် ပြည်တွင်းဈေးကွက်၌ပင် အမှာရှိနေသည့်အတွက် ပြည်ပမှဝယ်ယူရန် အမှာအချို့ရှိသော်လည်း တင်ပို့နိုင်ခြင်းမရှိကြောင်းလည်း ဆိုသည်။
"လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဂျပန်မှာ မြန်မာပြည်ကဆိုင်ဖွင့်ထားပုံရတဲ့တစ်ယောက်က သူ့ဆိုင်မှာတင်ဖို့အတွက် မြန်မာပြည်က လက်မှုပစ္စည်းတွေကိုလှမ်းတောင်းတဲ့အခါ မပေးနိုင်ခဲ့ဘူး။ သူကတကယ်လို့သာ အဆင်ပြေမယ်ဆိုရင် ပြည်တွင်းမှာစုမယ်၊ ပြီးတော့ဂျပန်မှာဖွင့်မယ်၊ ဥရောပဈေးကွက်ကိုသွားမယ်ဆိုပြီး ပြောပြပေမဲ့ သူ့ကိုမပေးနိုင်ဘူး။ ပြည်တွင်းက လက်ရာကောင်းတဲ့သူတွေက ပြည်တွင်းထဲမှာတင်သူ့ orderနဲ့သူ ပြည့်နေကြတာဆိုတော့လေ မပေးနိုင်ခဲ့ဘူး" ဟု ၄င်းကပြောကြားသည်။

လက်ရှိတွင်လည်း တောင်ယာခုတ်မှုများ၊ မျှစ်ချိုးနည်းမမှန်ကန်မှုများကြောင့် ဝါးရှားပါးမှုအချို့ ကြုံလာရပြီး  ကိုယ်ပိုင်ဝါးစိုက်ခင်းများ စိုက်ပျိုးရန်လိုအပ်ကြောင်းလည်း ၎င်းက အကြံပြုထားသည်။
MT