ဝမ်းတွင်းမြို့နယ်၌ စိုက်ပျိုးရေးချေးငွေဘဏ်သို့ ပေးသွင်းရမည့် ငွေကျပ်(၆၃)သိန်း ယူဆောင်လာသည့် ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ အမည်မသိအမျိုးသားနှစ်ဦးမှ လူယူမှုဖြစ်ပွား

မိတ္ထီလာ ၁၁ မတ်

 


ဝမ်းတွင်းမြို့နယ်၌ စိုက်ပျိူးရေးချေးငွေဘဏ်သို့ ပေးသွင်းရမည့်ငွေကျပ် (၆၃)သိန်း ယူဆောင်လာသည့် ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ အမည်မသိအမျိုးသားနှစ်ဦးမှ မတ် ၉ ရက် နံနက် ၁၁ နာရီက လုယူမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 


ဖြစ်စဉ်မှာ ဝမ်းတွင်းမြို့နယ် သခွတ်မြင့်ကျေးရွာအုပ်ချုပ်ရေးမှူးသည် သခွတ်မြင့်ကျေးရွာသူ ကျေးရွာသားများ၏ စိုက်ပျိုးရေးချေးငွေဘဏ်(ဝမ်းတွင်း)သို့ ပေးသွင်းရမည့် ငွေကျပ်(၆၃)သိန်းအား ကိုယ်စားလှယ်အဖြစ် အပ်နှံရန်အတွက် ငွေများကို လက်ဆွဲအိတ်အတွင်းထည့်၍ ၎င်း၏ဆိုင်ကယ် ရှေ့ခွကြားခြင်းထောက်တွင်ညှပ်ပြီး တစ်ဦးတည်းစီးနင်းလာခဲ့ကြောင်း၊ ရန်ကုန်-မန္တလေးလမ်း မိုင်တိုင်အမှတ် (၃၆၁/၆)နှင့် (၃၆၁/၇)အကြား  မြေတိုင်ကန်ကျေးရွာ လမ်းခွဲအနီးအရောက်၌ နောက်ဘက်မှ နံပါတ်မပါ ဆိုင်ကယ်စီးနင်းလာသည့် အမည်မသိ အမျိုးသားနှစ်ဦးမှ ဆိုင်ကယ်ဘေးသို့ ကပ်လာကာ ဆိုင်ကယ်နောက် ထိုင်လိုက်လာသူမှ အဆိုပါငွေထုပ်အား ယူဆောင်ထွက်ပြေးသွားသဖြင့် သခွတ်မြင့် ကျေးရွာအုပ်ချုပ်ရေးမှူးက မတ် ၁၀ ရက် ညနေ (၅)နာရီတွင် ဝမ်းတွင်းမြို့မရဲစခန်းအား တိုင်တန်းသဖြင့် အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 


သိန်းမြင့်ကျော်(မိတ္ထီလာ)