ဝန်ကြီးချုပ် နာဂျစ်ကို လာဘ်စားမှုနဲ့ တရားရုံးတင်

၄ ဇူလိုင်

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇာတ် ကို အမေရိကန်ဒေါ်လာ ၁၀.၄ သန်း ကို လာဘ်စားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒီကနေ့တရားရုံးမှာ ရုံးထုတ်တာဖြစ်ပါတယ်။ သူ့အား ယုံကြည်မှုကို အလွဲသုံးစားလုပ်မှု စွဲချက် ၃ ခုနဲ့ တရားစွဲဆိုထားပါတယ်။ အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ နာဂျစ်ကိုယ်တိုင်ကတော့ ပြစ်မှုမကျုးလွန်းဘူးလို့ ငြင်းဆိုနေပေမယ့် ပြစ်မှုထင်ရှားရင် ထောင်ဒဏ် အနှစ် ၂၀ အထိ ကျခံဖွယ်ရှိနေပါတယ်။

နာဂျစ်ကိုယ်တိုင်တည်ထောင်ထားတဲ့ မလေးရှားဖွံ့ဖြိုးရေးရန်ပုံငွေ 1MDB အသင်းက ငွေးကြေးတွေကို အလွဲသုံးစားတယ်လို့ စွပ်စွဲမှုတွေ ရှိတဲ့အတွက် ရွေးကောက်ပွဲမှာလည်း အကြီးအကျယ် ရှုံးနိမ့်ခဲ့ရပါတယ်။

 

မနေ့ နေ့လည်ပိုင်းက လာဘ်စားမှု တိုက်ဖျက်ရေးအဖွဲ့က နိ်ုင်ငံပိုင် အမေရိကန်ဒေါ်လာ ဘီလီယံချီတဲ့ငွေတွေကို အလွဲသုံးစား လုပ်ခဲ့တဲ့အတွက်  နာဂျစ်ကို သူ့ရဲ့ ဇိမ်ခံအိမ်ကနေ ဖမ်းဆီးခဲ့ပြီး နောက်တစ်ရက် မနက် ၈ နာရီခွဲမှာ တရားရုံးထုတ်လာတာ ဖြစ်ပါတယ်။

လက်ရှိ အာဏာရ ပါတီရဲ့ ဒုဥက္ကဋ္ဌ က “မလေးရှားသမိုင်းမှာ နာဂျစ်ဟာ ပထမဦးဆုံး လာဘ်စားမှုနဲ့ တရားစွဲခံရတဲ့ ဝန်ကြီးချုပ်ဟောင်းဖြစ်တယ်။ ဘယ်သူတစ်ဦးတစ်ယောက်မှ နိုင်ငံ့တာဝန်ထမ်းဆောင်စဉ်မှာ အာဏာအလွဲသုံးစားလုပ်လို့ မရဘူးဆိုတာ အခုဖြစ်ရပ်က မီးမောင်းထိုးပြလိုက်တာ”လို့ သတင်းဌာနတွေကို ပြောပါတယ်။

နာဂျစ်ကို တရားစွဲဆိုတဲ့ အဖွဲ့ဝင် ၁၂ ဦးပါ အဖွဲ့ရဲ့ ခေါင်းဆောင် ပြည်ထောင်စုရှေ့နေချုပ် တော်မီ သောမတ် က တရားရုံးကို အချက်နှစ်ချက်တောင်းဆိုရာ ပထမအချက်အနေနဲ့ အာမခံပေးမယ်ဆိုရင် မလေးရှားငွေသား လေးသန်း နဲ့ အာမခံပေးရေး၊ ဒုတိယ အချက်အနေနဲ့ နာဂျစ်ရဲ့ နိုင်ငံကူးလက်မှတ်ကို ပယ်ဖျက်ပေးဖို့ တရားရုံးကို  တောင်းဆိုထားပါတယ်။

နာဂျစ်ရဲ့ ရှေ့နေကတော့ နာဂျစ်ဟာ လေကြောင်းကနေ ထွက်ပြေးမယ့်သူ မဟုတ်ဘူးလို့ လျှောက်လဲထားပါတယ်။ တရားရုံးက ဒီနေ့ညနေပိုင်း သို့မဟုတ် နောက်ရက်မှာ  ဆုံးဖြတ်မယ်လို့ မျှော်လင့်ရပါတယ်။

နာဂျစ်ရဲ့ အဖိုးတန်ပစ္စည်းတွေ ကြိုက်နှစ်သက်တဲ့ ဇနီး ရိုစမာ မန်ဆာ၊ နာဂျစ်ရဲ့ မယားပါသား "The Wolf of Wall Street" ရုပ်ရှင်ထုတ်လုပ်သူ ရီဇာ အဇစ် နဲ့ နာဂျစ်အစိုးအရအဖွဲ့ရဲ့ ဒုဝန်ကြီးချုပ်ဟောင်း ဇာဟစ် ဟာမီဒီ တို့ကို လာဘ်စားမှု တိုက်ဖျက်ရေး စုံစမ်းရေးမှူးတွေက စစ်ဆေးမှုတွေလုပ်ခဲ့ပါသေးတယ်။

ရွေးကောက်ပွဲမှာ ရှုံးပြီးနောက်ပိုင်း နာဂျစ်ဟာ နိုင်ငံ့အပြင်ကို ထွက်ခွာခွင့်ပိတ်ပင်ခံထားရပါတယ်။

MDN

ကိုးကား- AFP