ဝန်ကြီးချုပ် ဦးတင့်လွင် မင်းလှမြို့ ပြည်သူ့‌ဆေးရုံဝန်းအတွင်း၌ ကိုယ်ထူကိုယ်ထ တိုးချဲ့ကုသဆောင် ခုတင်(၂၀) ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်

အထက်မင်းလှ စက်တင်ဘာ ၂၈

 

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ စက်တင်ဘာ ၂၇ ရက် နံနက် ၁၀ နာရီခွဲက မင်းလှမြို့ ပြည်သူ့‌ဆေးရုံဝန်းအတွင်း၌ တည်ဆောက်ခဲ့သည့် ကိုယ်ထူကိုယ်ထ တိုးချဲ့ကုသဆောင်(ခုတင်-၂၀) ဖွင့်ပွဲအား တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

 

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကိုယ်ထူကိုယ်ထ တိုးချဲ့ကုသဆောင်(ခုတင်-၂၀)ဖွင့်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တိုးချဲ့ကုသဆောင်အတွင်း ကြည့်ရှုစစ်ဆေးခဲ့သည်။ ယင်းနောက် ဖွင့်ပွဲအခမ်းအနား ဆက်လက်ကျင်းပရာ ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားပြီး ကိုယ်ထူကိုယ်ထ တိုးချဲ့ကုသဆောင်(ခုတင်-၂၀) တည်ဆောက်ရေးကော်မတီဝင် ဦးစန်းအောင်က ကိုယ်ထူကိုယ်ထ တိုးချဲ့ကုသဆောင်    (ခုတင်-၂၀) ဆောက်လုပ်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြကာ ကိုယ်ထူကိုယ်ထ တိုးချဲ့ကုသဆောင် (ခုတင်-၂၀) ဆောင်ရွက်ပေးမှုအပေါ် မြို့မိမြို့ဖဦးရဲလွင်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ဆက်လက်၍ ကိုယ်ထူကိုယ်ထ တိုးချဲ့ကုသဆောင်(ခုတင်-၂၀)အား ဝန်ကြီးချုပ် ဦးတင့်လွင်မှ တိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

 

အဆိုပါ ကိုယ်ထူကိုယ်ထ တိုးချဲ့ကုသဆောင် (ခုတင်-၂၀)ဆောက်လုပ်ရန် မင်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ မတည်လှူဒါန်းငွေနှင့် စေတနာရှင်အလှူရှင်ပြည်သူများ စုပေါင်းလှူဒါန်းမှုဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အဆောက်အဦမှာ အလျား ၇၀ ပေ၊ အနံ ၂၆ ပေ၊ အမြင့် ၁၀ ပေ Steel Structure တစ်ထပ်ဖြစ်ကြောင်း သိရသည်။

 

ဇာဇာ(အထက်မင်းလှ)