ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ရဲ့ နေအိမ်အပြင် ဆက်နွယ်နေရာ ၄ နေရာကို ရဲတွေ ဝင်ရောက်ရှာဖွေ

၁၇ မေ

မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ် ရဲ့ မိသားစု နေအိမ်အပါဝင် သူနဲ့ ဆက်နွယ်နေတဲ့ နေရာ ၅ နေရာကို မလေးရှားရဲတပ်ဖွဲ့က မနေ့ညကနေစပြီး ဒီကနေ့ မနက်အစောပိုင်းအထိ ရှာဖွေနေကြောင်း ထိပ်တန်းရဲ အရာရှိက ပြောပါတယ်။

ရှာဖွေချိန်ဟာ ၁၂ နာရီနီးပါးကြာပြီး လက်နက်အပြည့်ပါတဲ့ ရဲအင်အား ၁၂ ယောက် နီးပါးနဲ့ နာဂျစ်အိမ်ကို ဝင်ရောက်ရှာဖွေခဲ့တာဖြစ်ပါတယ်။

The Star သတင်းစာအရ ရှာဖွေခံရတဲ့နေရာ ၅ နေရာဆိုရာမှာ နာဂျစ်ရဲ့ မိသားစု နေထိုင်ရာအိမ် အပါအဝင် ဝန်ကြီးချုပ်ရဲ့ ရုံးခန်း၊ ဝန်ကြီးချုပ်အတွက် ပေးထားခဲ့တဲ့ နေအိမ်၊ ကွာလာလမ်ပူမှာရှိတဲ့ လူကုံတန်တွေ နေတဲ့ နေရာရှိ ကွန်ဒို တစ်ခုမှာရှိ နေရာ ၂ နေရာ တို့ဖြစ်ပါတယ်။

ငွေကြေးခဝါချမှု အရှုပ်တော်ပုံနဲ့ ဆက်စပ်တဲ့ ပစ္စည်းတွေလို့ ယူဆရတဲ့ နာဂျစ်ရဲ့ နေအိမ်ရှိ သူပိုင် လက်ကိုင်အိတ်တွေနဲ့ တခြား ကိုယ်ရေးကိုယ်တာ ပစ္စည်းတွေကို ရဲတွေက သိမ်းဆည်းထားကြောင်း နာဂျစ်ရဲ့ ရှေ့နေက ပြောပါတယ်။

အခုလိုရှာဖွေတာဟာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ အခုလို ရှာဖွေတာသာဖြစ်ပြီး ရာဇဝတ်မှု ကျူးလွန်ခြင်းမျိုးတွေ မတွေ့ရဘူး။ နာဂျစ်ကို ဖမ်းဆီးဖို့အထိ ရဲတွေ လုပ်ဆောင်ခြင်းမျိုးမရှိဘူးလို့ နာဂျစ်ရဲ့ ရှေ့နေက ဆက်ပြောပါတယ်။

MDN. 

ကိုးကား CNA