ဝန်းသိုမြို့နယ်အတွင်းမှ ကျွန်းသစ်လုံး ၇၃ တန်ကျော် သိမ်းဆည်းရမိ

ဝန်းသို  ၂၁  ဇွန်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ မံကပ်ကြိုးဝိုင်းနှင့် နန်းခမ်းကြိုးဝိုင်းအတွင်းမှ ကျွန်းသစ်လုံးများ ဖမ်းမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဇွန်လ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် ကသာခရိုင်သစ်တောဦးစီးဌာနမှ လ/ထညွှန်ကြားရေးမှူး ဦးမြင့်နိုင်ဦး ဦးစီးသော အဖွဲ့သည်မြို့နယ် သစ်တောအဖွဲ့နှင့် ပူးပေါင်း၍ သက်သေများနှင့်အတူ ဝန်းသိုမြို့နယ်အတွင်း နယ်မြေရှင်းလင်းခြင်း ဆောင်ရွက်ရာ မံကပ်ကြိုးဝိုင်း အကွက်(၈၀)အတွင်း နေရာ/နမ်းခမ်းကြိုးဝိုင်း အကွက်(၂၆)နှင့်(၁၈)အတွင်း  နေရာများမှ စုစုပေါင်း ကျွန်းသစ်/ခွဲသား(၆၂၄)လုံး/ချောင်း (၇၃ ဒသမ ၃၄၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး တရားမဝင် သစ်ထုတ်လုပ်သူကို ရှာဖွေဖော်ထုတ် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လူအောင်(ကသာ)