ဝန်းသိုမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၃ ဦးစတင်တွေ့ရှိ

ဝန်းသို  ဇူလိုင် ၁၀

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်တွင် ဇူလိုင် ၉ရက်နေ့ ညနေပိုင်းက ကိုဗစ်-၁၉ သံသယရှိသူ ၇ ဦးကို RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ Positive အတည်ပြုလူနာ ၃ ဦး စတင်တွေ့ရှိခဲ့ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

 

ဝန်းသိုမြို့နယ် စက်ဝင်း(၂)ရပ်ကွက်မှ အနံ့ပျောက်နေကြောင်း စော်ဘွားကြီးရပ်ကွက် အုပ်ချုပ်ရေးမှူးထံသို့ သတင်းပေးပို့ချက်အရ ၎င်းတို့၏နေအိမ်ရှိ မိသားစုအားလုံးနှင့် ထိစပ်သူ ၅ ဦးတို့အားလည်းကောင်း၊ ကောလင်းမြို့နယ်မှ ဝန်းသိုမြို့သို့ ကားဖြင့်လာသူ ၂ ဦး စုစုပေါင်း (၇)ဦးကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ စက်ဝင်း (၂) ရပ်မှ ၂ ဦး၊ ကားဖြင့်လာသူ  ၁ ဦး စုစုပေါင်း (၃) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

 

ရောဂါပိုးတွေ့ရှိသူ  ၃ ဦးအား မြို့နယ်ပြည်သူ့ဆေးရုံရှိ သီးသန့်ကုသဆောင်တွင် ထားရှိပြီး ပိုးတွေ့ရှိသူ၏ နေအိမ်အား Lock Down ပြုလုပ်ထားရှိကြောင်း သိရသည်။

 

(မြို့နယ် ပြန်/ဆက်)