World Handicap System (WHS) နှင့် ပတ်သက်၍  မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်က မိတ်ဆက် 

၂၈  ဇူလိုင်

                   
၂၀၂၀ ပြည့်နှစ်မှစတင်ကာ  ကမ္ဘာ့နိုင်ငံအားလုံးတွင် လိုက်နာကျင့်သုံးမည့် World Handicap System (WHS) နှင့်ပတ်သက်၍ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်က မိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်လမ်း၊ ကိုးမိုင်ရှိ မြန်မာဂေါက်သီးရိုက်အသင်း၌ ကျင်းပရာ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် နာယက ဗိုလ်ချုပ်ဇာနည်ဝင်း(ငြိမ်း)၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါက်တာမြင့်ဦး၊ ဗဟိုအလုပ်မှုဆောင်များ၊ မြန်မာဂေါက်သီးရိုက်အသင်းဥက္ကဋ္ဌ ဦးမြင့်ဝေနှင့်ကလပ်အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။


အခမ်းအနားတွင် မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် နာယက ဗိုလ်ချုပ်ဇာနည်ဝင်း(ငြိမ်း) က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါက်တာမြင့်ဦးက ဂေါက်ကွင်းလေးကွင်း၌ Handicap System တိုင်းတာပေးမည့်အစီအစဉ်ကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်၏ World Handicap System ဖြစ်မြောက်ရေးကော်မတီအား ဖွဲ့စည်းပြီး  မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် နာယက ဗိုလ်ချုပ်ဇာနည်ဝင်း(ငြိမ်း) က နိဂုံးချုပ်အမှာစကားပြောကြားသည်။ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် World Handicap System ဖြစ်မြောက်ရေးကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ဇာနည်းဝင်း (ငြိမ်း)၊ အတွင်းရေးမှူးအဖြစ် ဒေါက်တာမြင့်ဦး၊ တွဲဖက်အတွင်းရေးမှူးအဖြစ်  ဦးမျိုးဒန်၊ အဖွဲ့ဝင်များအဖြစ် ဦးဘလှမောင်၊ ဦးခင်မောင်မြင့်၊ ဦးကျော်ဇော၊ ဦးထွန်းထွန်း၊ ဦးသူဇင်အောင်၊ ဦးနေထွန်း၊ ဦးစိုင်းနွဲ့ပွမ်မှိုင်းတို့ ပါဝင်ပြီး သက်ဆိုင်ရာ ဂေါက်ကွင်းများ၏ Handicap နှင့် ပြိုင်ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌများကို အဖွဲ့ဝင်အဖြစ် ထည့်သွင်းမည်ဖြစ်သည်။


သတင်း-ဖိုးသော်ဇင်


ဓာတ်ပုံ-ဂေါက်သီးအဖွဲ့ချုပ်