World H'Cap System (WHS) နှင့် ပတ်သက်၍ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် မိတ်ဆက်

ရန်ကုန်   မတ်   ၂၂

မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်သည် World H'Cap System (WHS) နှင့် ပတ်သက်၍ လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များ၊ အချက်အကျောပေးစနစ်ကို လွယ်ကူစွာ တွက်ချက်ပေးမည့် Computer Software နှင့် မိတ်ဆက်ခြင်း အခမ်းအနားကို မတ် ၂၁ ရက် မွန်းလွဲပိုင်းက မြန်မာဂေါက်ကလပ် ကိုးမိုင်၌ ကျင်းပသည်။

မိတ်ဆက်ပွဲတွင် မြန်မာဂေါက်သီးရိုက်အသင်း ဥက္ကဋ္ဌဦးသောင်းလှိုင်က အမှာစကားပြောကြားပြီး မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးမျိုးသီဟက နှုတ်ခွန်းဆက်စကားပြောကြား သည်။

ဆက်လက်၍ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် si World H'Cap System ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးဇာနည်ဝင်းက World H' Cap System နှင့် Rule of Handicapping တို့ကို ရှင်းလင်းခြင်း၊ အသုံးပြုမည့် Computer Software နှင့် ပတ်သက်ပြီး မိတ်ဆက်ခြင်းတို့ကို ပြုလုပ်သည်။ ထို့နောက် မြန်မာဂေါက်သီးရိုက်အသင်း အတွင်းရေးမှူး ဦးသန်းထွန်းက မြန်မာဂေါက်သီးရိုက်အသင်း ကိုးမိုင်တွင် World H’ Cap System အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေး ကြသည်။

ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းကြပြီး တာဝန်ရှိသူများက ရှင်းလင်း ပြောကြားသည်။ အခမ်းအနားသို့ ဂေါက်ကလပ်အသီးသီးမှ စိတ်ပါဝင်စားသူ ၃၀ တက်ရောက်သည်။

ကိုညီလေး၊ ဓာတ်ပုံ-ကိုထွန်း