ဝါရှင်တန်ဒီစီတွင် ဆန္ဒပြမှုများ ပြင်းထန်လာသဖြင့် ညမထွက်အမိန့် ထုတ်ပြန်

၇  ဇန်နဝါရီ

 

 

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို လိုလားသူများက ဆန္ဒပြမှု ပြုလုပ်ခဲ့ခြင်းကြောင့် ညမထွက်ရ အမိန့်ကို မြို့တော်ဝန် မြူရီယယ်ဘောင်ဆာက ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

 

 

အဆိုပါ ညမထွက်ရ အမိန့်မှာ ဗုဒ္ဓဟူးနေ့ ညနေခြောက်နာရီမှ ကြာသပတေးနေ့ နံနက် ခြောက်နာရီအထိ မည်သူမျှ အပြင်မထွက်အမိန့်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

 

ကြာသပတေးနေ့အတွက် မရှိမဖြစ် လိုအပ်သည့် အလုပ်သမားများသာ အဆိုပါ အမိန့်မှ ကင်းလွတ်ခွင့်ရှိကြောင်း မြို့တော်ဝန်က ပြောကြားခဲ့သည်။

 

 

ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့် ကာလအတွင်း ဝါရှင်တန်မြို့တော်တွင် တာဝန်ကျ ဝန်ထမ်းများမှအပ သွားလာခွင့်မရှိကြောင်း မြို့တော်ဝန်က ပြောကြားခဲ့သည်။

 

 

သမ္မတထရမ့် လိုလားသည့် ဆန္ဒပြသူများက အောက်လွှတ်တော် အဆောက်အအုံရှေ့တွင် လူစုလူဝေးများ ပြုလုပ်ကာ ဆန္ဒပြမှုများပြုသဖြင့် တာဝန်ရှိသူများက တားဆီးနှိမ်နင်းမှု ဖြစ်ပွားခဲ့ပြီး မိနစ်အနည်းငယ် အကြာတွင် အဆိုပါ အမိန့်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်