ဝါးတစ်ရာစက်မှုဇုန် "မင်းဗန္ဓု" ဘုရားကြီး ရောင်တော်ဖွင့် မင်္ဂလာနှင့် ရှင်ပြုမင်္ဂလာပွဲကျင်းပ

ရန်ကုန်  ၂၆   မေ   

 

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ဝါးတစ်ရာစက်မှုဇုန်ရှိ "မင်းဗန္ဓု" ဘုရားကြီး၏ ရောင်တော်ဖွင့် အနေကဇာ တင်ခြင်းအလှူမင်္ဂလာနှင့် ဆောက်လုပ်ရေးတော်မိသားစုတို့က ဝါးတစ်ရာစက်မှုဇုန်အတွင်း  ပတ်ဝန်းကျင် ရပ်ကွက်/ ကျေးရွာများမှ ဒေသခံပြည်သူမိသားစုထံမှ ကလေးသူငယ်များနှင့် အခြားနယ်မြေအရပ်ရပ်မှ  ကလေးသူငယ် ဦးရေ ၂၀ဝ  တို့ကို ရှင်သာမဏေအဖြစ် ရှင်ပြုအလှူမင်္ဂလာကို   ယနေ့ နံနက် က အဆိုပါဘုရားကြီး၏ ပရဝဏ်အတွင်း ပျော်ပွဲရွှင်ပွဲ တေးဂီတ ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။

 

" ဒီအခမ်းအနားက "မင်းဗန္ဓု "ဘုရားကြီးကို ရောင်တော်ပြန်ဖွင့် မင်္ဂလာအတွက် မတည်လှူ ဒါန်းတာပါ။ အဲဒီ လှူဒါန်းတဲ့ အထိမ်းအမှတ်အနေနဲ့လည်း ရပ်ကွက်ကျေးရွာမှာ နေထိုင်ကြတဲ့  ရှင်မပြုရသေးတဲ့ ကလေးသူငယ်တွေကိုလည်း ရှင်သာမဏေအဖြစ်ရှင်ပြုပေးဖို့ စိတ်ကူးမိပါတယ်။ ဒါနဲ့ မိဘများထံခွင့်တောင်းပြီး  သာသနာ့ဘောင်ထဲ သွပ်သွင်းချီးမြှင့်ပေးတာဖြစ်ပါတယ်။ ဒါကကျွန့်တော်တို့ မြန်မာလူမျိုးတွေရဲ့အဓိကကျတဲ့ အလှူ ဖြစ်တဲ့အတွက် ရှင်လောင်းအမေ မိဘဆွေမျိုးတွေ စိတ်ရောကိုယ်ပါ ပါဝင်ကြလို့ စည်စည်ကားကား နဲ့ ဝမ်းသာပီတိဖြစ်ကြရပါတယ်။” ဟု မတည်အလှူရှင် ဆောက်လုပ်ရေးတော်ဝင်ကုမ္ပဏီ မိသားစုမှ (လူမှုထူးချွန်/ ပထမအဆင့်) ဦးကိုကိုထွေးက ပြောသည်။

 

ယင်း အလှူမင်္ဂလာပွဲကြီးကို မြန်မာ့ရိုးရာဆိုင်းဝိုင်းကြီးဖြင့် အဆို၊ အက၊ အတီး၊ အမှုတ် ဖျော်ဖြေတင်ဆက်မှုများ ဖြင့် စတုဒိသာ ထမင်းဟင်းလျာများ၊ အချိုရည်များနှင့် ထိုအလှူမင်္ဂလာနေ့ရက် ၂ ရက် ၃ ရက်တိုင်တိုင် အလှူပွဲလာ ရပ်/ကျေး ပြည်သူအပေါင်း ကို ကျွေးမွေးဧည့်ခံမှုများ ဆောင်ရွက်ခဲ့ကြောင်းလည်း သိရသည်။

 

" အခုလို ရှင်သာမဏေအဖြစ် ကိုရင်ဝတ်ပေးပြီး သာသနာ့ဘောင်ကို သွပ်သွင်းချီးမြှင့်ပေးတာ သာသနာ့အမွေပေးတယ်လို့ဆိုပါတယ်။  ရှင့်ဒါယိကာ/ရှင်ဒါယိကာမတွေ အလှူရှင် မိသားစုတွေလည်း  သာသနာ့ဆွေတော် မျိုးတော်တွေဖြစ်သွားကြပါပြီ" ဟူ၍ ဆရာတော် ဦးပညာသီဟာ ဘိဝံသ(တရားဦးဓမ္မစကြာဆရာတော်)က မိန့် ကြားတော်မူသည်။

 

မျိုးမင်းသိန်း(မရမ်းကုန်း)

 

age received_42