ဝယ်လိုအားကောင်းပြီး မြေပဲဆံနှင့် မြေပဲဆီဈေးနှုန်းများ မြင့်တက်လာ

မင်းဘူး ဩဂုတ် ၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ဝယ်လိုအားကောင်းပြီး မြေပဲဆံနှင့် မြေပဲဆီ ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် မြေပဲစိုက်တောင်သူများ အဆင်‌ပြေကြကြောင်း ရွာသာကျေးရွာမှ မြေပဲစိုက်တောင်သူ ဦးလှစိုးထံမှ သိရသည်။

မင်းဘူး(စကု)မြို့နယ်တွင် မိုးဦးမြေပဲဧက ၈၁၅၃ ဧက စိုက်ပျိုးထားသော်လည်း ဝယ်လိုအားကောင်းခဲ့ပြီး စားဆီ ဈေးနှုန်းများ မြင့်တက်မှုနှင့်အတူ မြေပဲဆံ တစ်တင်းလျှင် ကျပ် (၁၀၀၀၀၀)၊ မြေပဲဆီ တစ်ပိဿာလျှင် ကျပ် (၁၁၀၀၀) ဈေးအထိ မြင့်တက်‌နေကြောင်းလည်း သိရသည်။

မင်းဘူး(စကု)မြို့နယ်၏ စားဆီဈေးနှုန်းများမှာ မြေပဲဆီတစ်ပိဿာ (၁၁၀၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာ (၁၁၀၀၀) ကျပ်၊ နေကြာဆီ တစ်ပိဿာ (၁၀၀၀၀) ကျပ်နှင့် စားအုန်းဆီ တစ်ပိဿာ ကျပ် (၉၀၀၀) တို့ဖြစ်ပြီး စားဆီဈေးနှုန်းများ မြင့်တက်လျက်ရှိသောကြောင့် မိုးလယ်နှင့် မိုးနှောင်း ကာလများတွင် ဆီထွက်သီးနှံများ တိုးချဲ့၍ လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မင်းဘူးမြို့ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ဇေယျာထက်(မင်းဘူး)