ပြင်ဦးလွင် ဇူလိုင် ၂

 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ဇွန် ၂၉ ရက်က ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၁) NPS ကိုယ်ပိုင်အထက်တန်းကျောင်း၌ ပြုလုပ်သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၉၄) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူး ခင်မောင်မြင့်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အကြောင်းအရာများနှင့် ဆောင်ရန်၊ ရှောင်ရန်များကိုလည်းကောင်း၊ ရဲတပ်ကြပ် ကြီးအေးစိုး(ဇင်ယော်)က “ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းဝေးသော အနာဂတ်လမ်းမများဆီသို့” ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)