ယာဉ်စည်ကမ်း လမ်းစည်းကမ်းများကို ဒေသခံများ နားလည်သဘောပေါက်စေရန် အာခါစကားဖြင့် ဘာသာပြန်ရှင်းလင်းပြသ

ကျိုင်းတုံ ၁၈ မေ 


မြို့ပြနှင့် ဝေးလန်ခေါင်းပါးသည့် ကျိုင်းတုံမြို့ ပင်းတောက်အုပ်စု ဝမ်ကုသစ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးလက်နေပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်း နားလည်သဘောပေါက်စေရန် အသိပညာပေးခြင်းကို ယနေ့ နံနက်က အဆိုပါကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။


အဆိုပါ ယာဉ်စည်ကမ်း လမ်းစည်းကမ်းများကို ဒေသခံများနားလည်သဘောပေါက်စေရန် အာခါတိုင်းရင်းသူ မအားမေမှ အာခါစကားဖြင့် ဘာသာပြန်ပေးခဲ့ကြောင်းနှင့် မေးမြန်းချက်များအာ ဒုရဲမှူးကျော်ဇောအောင်မှ ပြန်လည်ဖြေကြားခဲ့သည်။ 


ယာဉ်စည်ကမ်း လမ်းစည်းကမ်းများကို အမှတ်(၁၉) ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲ (ရှမ်းအရှေ့) ကွပ်ကဲမှုအောက်ရှိ အမှတ် (၁၁၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူး ဒုရဲမှူးကျော်အောင်တို့က ဆောင်ရွက်ခဲ့ကြပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်းအသိပညာပေး လက်ကမ်းစာစောင်များ ဝေငှခဲ့ကြောင်း သိရသည်။ 


ကိုကိုရူပ

 

1