ယာဉ်မောင်းအိပ်ငိုက်၍ အမြန်လမ်းတွင် ယာဉ်မတော်တဆဖြစ်

နေပြည်တော် ၁၄ ဧပြီ

 


ယနေ့ နံနက် ၅ နာရီ ၄၀ မိနစ်ခန့်က ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် (၅၇/၂ - ၅၇/၃)အကြား ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်း ဦးအောင်ကြီး (၅၅)နှစ် သစ္စာပန်းလမ်း၊ (ဌ)ရပ်ကွက်၊မြောက်ဥက္ကလာပမြို့နယ်နေသူ မောင်းနှင်လာသည့် Ygn 2Q/4--- SUZUKI (အဖြူရောင်)ယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ် တစ်ပတ်ခန့်လိမ့်ပြီး အမြန်လမ်းမပေါ် ရောက်ရှိရပ်တန့်ခဲ့သဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ဘောနီစခန်းတပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး ထုတ်ပြန်ချက်အရ သိရှိရသည်။

 


MDN