ယာဉ်မောင်းသူကို အိပ်မပျော်အောင် သတိပေးမယ့် Awake inspector ကိရိယာ ရုရှားလူငယ် ပညာရှင်တွေ တီထွင်

မော်စကို  ၁၆ နိုဝင်ဘာ 


လောလောဆယ်မှာ Awake inspector လို့ အမည်ပေးထားတဲ့ အဆိုပါ ပစ္စည်းဟာ ယာဉ်မောင်းရဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုနဲ့ မျက်နှာပြင်ကို scan ဖတ်နေမှာ ဖြစ်ပြီး ယာဉ်မောင်းအနေနဲ့ အာရုံစူးစိုက်မှု ကျဆင်းလာရင်ဖြစ်ဖြစ် အိပ်ငိုက်မိရင်ဖြစ်ဖြစ် အသံနဲ့သော်လည်းကောင်း အလင်းရောင်ဖြင့်သော်လည်းကောင်း သတိပေးသွားမှာ ဖြစ်ပါတယ်။ 


ဆွဲအားကောင်းတဲ့ ဗွီဒီယိုကင်မရာနဲ့ ညအာရုံခံ ကိရိယာတွေ ပါဝင်တာမို့  Awake inspector အနေနဲ့ ညအမှောင်ထဲမှာပါ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ Awake inspector ကို 32 – bit 1 core ARM ပေါ်မှာ အခြေခံ တည်ဆောက်ထားပြီး ယာဉ်မောင်းရဲ့ကိုယ်ပေါ်မှာ တပ်ဆင်ထားရမယ့် အခြားအထောက်အကူပြု ကိရိယာ တစ်စုံတစ်ရာ မပါဝင်ဘဲ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ယာဉ်မောင်းရဲ့ လှုပ်ရှားမှုဟန်ပန်နဲ့ မျက်နှာကိုသာ အဝေးကနေ ခွဲခြမ်းစိတ်ဖြာတာ ဖြစ်တဲ့အတွက် တစ်စုံတစ်ရာ အနှောက်အယှက် မဖြစ်နိုင်ပါဘူး။  Awake inspector ကိရိယာကို ၂၀၁၈ နွေရာသီလောက်မှာ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။


စိုးမိုးဇော် (MDN)