ရန်ကုန်  ၅   မေ 

 

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်၊ ဘဏ်လမ်းနှင့်ပန်းဆိုးတန်းလမ်းတွင် မေ ၅ ရက် ညနေ ၅ နာရီက Yangon Weekend Market – Pansodan ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့သည်။

 

ဖွင့်ပွဲတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က အမှာစကားများ ပြောကြားခဲ့ကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊  ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဒေါ်နော်ပန်းသဉ္စာမျိုး၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဘရန်ဆင့်၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်း၊ Yangon Weekend Market ဖြစ်မြောက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးအုန်းမြင့်တို့က Yangon Weekend Market - Pansodan ဖွင့်ပွဲကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး ဈေးဆိုင်ခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

 

Yangon Weekend Market - Pansodan ကိုယခု ပန်းဆိုးတန်းလမ်းနှင့် ဘဏ်လမ်း အောက်ဘလောက် တွင် မနက် ၉ မှ ည ၁၀ နာရီအထိ အပတ်စဉ် စနေနှင့် တနင်္ဂနွေနေ့များတွင် စတင်ဖွင့်လှစ်နေပြီဖြစ်ပြီး  မြန်မာ့ရိုးရာအစားအစာများ၊ တိုင်းရင်းသားရိုးရာ အစားအစာများ နှင့် International အစားအစာများအပြင် မြန်မာ နှင့်တိုင်းရင်းသားရိုးရာ အဝတ်အထည် ၊ လက်ဆောင်ပစ္စည်းများ၊ Handmade ပစ္စည်းများလည်း ပါဝင်ပြသထားပါတယ်။

 

ဒီဈေးလေးရဲ့ ထူးခြားချက်မှာ Yangon Weekend Market မှာ ပါဝင်ရောင်းချကြသူများဟာ Plastic  တွေအသုံးပြုမှုကို လျှော့ချပြီး recycle ပစ္စည်းတွေကိုသာ အထူးအသုံးပြုထားကြောင်း သိရသည်။

 

ဆန်းကျော်ဦး (ပြန်/ဆက်)

 

DSC_2