အေဒင် ဇန်နဝါရီ ၁၂
ယီမင်နိုင်ငံအလယ်ပိုင်း အယ်လ်-ဘေဒါပြည်နယ်၌ ဇန်နဝါရီ ၁၁ ရက်က ဓာတ်ဆီဆိုင်၌ ပေါက်ကွဲမှု ဖြစ်ပွားသဖြင့် ၁၀ ဦး ထက်မနည်း သေဆုံးပြီး ၆၅ ဦးကျော် ဒဏ်ရာရရှိကြောင်း ဒေသတွင်းအစိုးရ အာဏာပိုင်များက ဆင်ဟွာသို့ ပြောကြားသည်။
ဇာဟာခရိုင်ရှိ ဓာတ်ဆီဆိုင်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဘေးချင်းကပ် ဓာတ်ဆီဆိုင်နှစ်ခုနှင့် အနီးနားရှိ စီးပွားရေးဆိုင်ရာ ဂိုဒေါင်များကို မီးကူးစက်လောင်သွားခဲ့ကြောင်း အရာရှိတစ်ဦးက ပြောကြားသည်။
ပေါက်ကွဲမှု ဖြစ်ပွားချိန်တွင် ဓာတ်ဆီဆိုင်၌ ဝယ်သူများနှင့် စည်ကားနေပြီး ပေါက်ကွဲမှု ဖြစ်ပွားရသည့် အကြောင်းရင်း ကို စုံစမ်းစစ်ဆေးသူများက တိတိကျကျ မသိရှိရသေးကြောင်း ၎င်းကပြောကြားသည်။
ကြီးမားသည့် ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မီးလောင်နေသည့်ဓာတ်ဆီဆိုင်တွင် ဒဏ်ရာရရှိသည့်အရပ်သားများ ပရမ်းပတာ ထွက်ပြေးနေသည့် မြင်ကွင်းကို လူမှုကွန်ရက်မီဒီယာပလက်ဖောင်းတွင် ပျံ့နှံ့ခဲ့ကြောင်း သိရသည်။
ဆင်ဟွာ