ယိုရှီဟီဒါ ဆူဂါ ကို ဂျပန်ဝန်ကြီးချုပ်အဖြစ်  လွှတ်တော်က ရွေးချယ်

၁၆ စက်တင်ဘာ

 

ဂျပန်ဝန်ကြီးချုပ် တာဝန်ကို ယူထားတဲ့ ရှင်ဇိုအာဘေးက ကျန်းမာရေးကြောင့် တာဝန်မှာ အနားယူပြီးနောက် ယိုရှီဟီဒါ ဆူဂါအား  ဂျပန်ဝန်ကြီးချုပ်အဖြစ်  လွှတ်တော်က ဒီနေ့ (ဗုဒ္ဓဟူးနေ့) မှာ ရွေးချယ်ကြောင်း သိရပါတယ်။

 

 

အောက်လွှတ်တော်အမတ် ၄၆၂ ဦးတွင်  ၃၁၄ ဦး မဲပေးရွေးချယ်လိုက်ကြောင်း အောက်လွှတ်တော် ပြောခွင့်ရသူ အိုရှီးမားက ပြောပါတယ်။

 

 

အသက် ၇၁ နှစ်အရွယ် ဂျပန်ဝန်ကြီးချုပ် တာဝန်ကို ထမ်းဆောင်မယ့် ဆူဂါဟာ ဝန်ကြီးချုပ် အာဘေးရဲ့ မူဝါဒတွေကို ဆက်လက် အကောင်အထည်ဖော်သွားမယ်လို့ ခန့်မှန်းရပါတယ်။

 

 

ဝန်ကြီးချုပ် ဆူဂါက သူ့အစိုးရအဖွဲ့ဝင်အသစ် အမည်စာရင်းကို ဒီနေ့ ညနေပိုင်းမှာ ကြေညာမှာဖြစ်ပြီး ဝန်ကြီးအများစုဟာ ဆက်လက် ခန့်အပ်မယ်လို့ ခန့်မှန်းချက်တွေ ရှိနေပါတယ်။

 

 

အာဏာရပါတီ Liberal Democratic Party မှာ ပါတီခေါင်းဆောင် နေရာကနေ နုတ်ထွက်ခဲ့တဲ့ အာဘေး နေရာမှာ အစိုးရအဖွဲ့ရဲ့ အတွင်းရေးမှူးဖြစ်သူ ယိုရှီဟီဒါ ဆူဂါကို တနင်္လာနေ့မှာ မဲပေး ရွေးချယ် လိုက်ပါတယ်။

 

 

ဆူဂါဟာ စတော်ဘယ်ရီ စိုက်တဲ့ လယ်သမားရဲ့ သားတစ်ဦးဖြစ်ပြီး ဘဝကို သုံးညက စခဲ့သူလို့ ဆိုနိုင်ပါတယ်။ ဆူဂါဟာ နိုင်ငံရဲ့ မြောက်ပိုင်း အကီတာ ဒေသမှာ ကြီးပြင်းသူ ဖြစ်ပါတယ်။ အဲဒီဒေသမှာ လူဦးရေ တိုးတက်မှု မရှိတာကို တွေ့ရတဲ့အတွက် အဲဒီအကြောင်းအရာကလည်း သူစိုးရိမ်တဲ့ အကြောင်းအရာ တွေထဲက တစ်ခုဖြစ်ပါတယ်။

 

 

MDN

ကိုးကား- AFP

mdn