ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပဲမျိုးစုံ အမေရိကန်ဒေါ်လာ ၁၄၇၀ ဒသမ ၆၆၁ သန်းတင်ပို့နိုင်ခဲ့

 

နေပြည်တော်  ဧပြီ  ၂၀

 

ယခု   ၂၀၂၂-၂၀၂၃   ဘဏ္ဍာနှစ် ၁-၄-၂၀၂၂  မှ ၃၁-၃-၂၀၂၃     ရက်အထိ    ကာလအတွင်း ပင်လယ်ရေကြောင်းမှ   ၁၆၄၀၇၇၇    ဒသမ ၁၆၇ တန်  (တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂၆၁ ဒသမ ၈၇၃ သန်း)၊  နယ်စပ်မှ  ၂၇၈၃၇၈ ဒသမ ၉၃၃ တန် (တန်ဖိုး အမေရိကန်ဒေါ်လာ ၂၀၈ ဒသမ ၇၈၈ သန်း) စုစုပေါင်း ၁၉၁၉၁၅၆ ဒသမ ၁ တန်    (တန်ဖိုးအမေရိကန်ဒေါ်လာ    ၁၄၇၀ ဒသမ   ၆၆၁   သန်း)     တင်ပို့နိုင်ခဲ့ကြောင်း ကုန်သွယ်ရေးအချက်အလက်များအရ    သိရ သည်။

 

မြန်မာနိုင်ငံတွင် အဓိကသီးနှံများအနေဖြင့် စပါး၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊    ကြံတို့ကို    စိုက်ပျိုးပြီး    တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင်   ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည်      ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်   တစ်နိုင်ငံလုံး၏   လယ်ယာထွက် ပစ္စည်း ထွက်ရှိမှု၏   ၃၃    ရာခိုင်နှုန်း စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။

 

မြန်မာနိုင်ငံ    စိုက်ပျိုးမြေဧရိယာ၏   ၂၀ ရာခိုင်နှုန်းခန့်သည်    ပဲမျိုးစုံ   စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ ၇၂ ရာခိုင်နှုန်းသည် မတ်ပဲ၊ ပဲတီစိမ်း၊      ပဲစင်းငုံများဖြစ်ပြီး      ပဲလွမ်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယဉ်း၊ ကုလားပဲ၊ ပဲပုပ်၊     စားတော်ပဲနှင့်    အခြားပဲများလည်း စိုက်ပျိုးကြသည်။ လက်ရှိတွင်  စိုက်ပျိုးရေးကို အခြေခံသည့်    နိုင်ငံဖြစ်သည့်   အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံ သည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်သည်။

 

မြန်မာနိုင်ငံမှ   ပြည်ပသို့   ပဲမျိုးစုံတင်ပို့မှု အနေဖြင့် ၂၀၂၀-၂၀၂၁  ဘဏ္ဍာနှစ်စာရင်းများ အရ  ပင်လယ်ရေကြောင်းမှ ၁၂၄၂၇၇၅ ဒသမ ၂၃၁  တန်   (တန်ဖိုးအမေရိကန်ဒေါ်လာ   ၉၆၆ ဒသမ ၄၀၇ သန်း)၊ နယ်စပ်မှ ၇၈၆၉၂၀ ဒသမ ၆၅၁ တန်  (တန်ဖိုးအမေရိကန်ဒေါ်လာ   ၆၀၄ ဒသမ ၃သန်း)၊  စုစုပေါင်း  ၂၀၂၉၆၉၅ ဒသမ ၈၈၂ တန်  (တန်ဖိုးအမေရိကန်ဒေါ်လာ ၁၅၇၀ ဒသမ ၇၀၇ သန်း) တင်ပို့နိုင်ခဲ့သည်။

 

၂၀၂၂-၂၀၂၃   ဘဏ္ဍာနှစ်   (၁-၄-၂၀၂၂  မှ ၃၁-၃-၂၀၂၃    ရက်အထိ)   ကာလအတွင်း ပဲအမျိုး အစားအလိုက် တင်ပို့နိုင်မှု  အခြေအနေများတွင် ပင်လယ်ရေကြောင်း ကုန်သွယ် မှုနှင့်  နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း နှစ်ခုစလုံး တင်ပို့သည့် ပမာဏများ၌   မတ်ပဲတွင်   ကီလို ထောင်ပေါင်း ၆၄၉၉၄၀ ဒသမ ၂၃၀ ခန့် တင်ပို့ ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅၃၁ ဒသမ ၇၉၇ သန်းခန့်ရှိခဲ့သည်။  ပဲတီစိမ်းတင်ပို့ မှုတွင် ကီလိုထောင်ပေါင်း    ၆၉၁၃၉၉   ဒသမ ၂၈၈ ရှိခဲ့ပြီး   တန်ဖိုးမှာ    အမေရိကန်ဒေါ်လာ ၄၈၉ ဒသမ ဝ၈၉ သန်းခန့်ရှိခဲ့ကာ ပဲစင်းငုံတင်ပို့မှုတွင် ကီလို ထောင်ပေါင်း  ၂၃၉၅၃၇ ဒသမ ၇၃၃ ရှိခဲ့ပြီး   တန်ဖိုးမှာ အမေရိကန်ဒေါ်လာ   ၁၈၇ ဒသမ ၃၉၃ သန်းခန့်ရှိခဲ့သည်။

သီရိ