ယခုနှစ် မိုးရာသီအကုန်မှာ ဗိုလ်ချုပ်ရုပ်ရှင်ကို စတင်ရိုက်ကူးမည်ဟု အကယ်ဒမီ လူမင်း ပြောကြား

လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ခံသမိုင်းကြောင်းကို ပြန်လည်ပုံဖော်ပြီး ရုပ်ရှင်အဖြစ် ဖန်တီးရိုက်ကူးမူကို ယခုနှစ် မိုးကုန်သည်နှင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားတော့မည် ဖြစ်ကြောင်း သရုပ်ဆောင် အကယ်ဒမီလူမင်းက ပြောကြားသည်။

 

ဗိုလ်ချုပ်ရုပ်ရှင်နဲ့ပတ်သက်ပြီး ပြင်ဆင် ရတာတွေက အလွန်ကို များပါတယ်။ တာဝန်လည်းကြီးတယ်။ ဇာတ်ကားနဲ့ပတ်သက်ပြီး ပြင်ဆင်မှုအပိုင်းတွေက ရာနှုန်းပြည့်တော့ မပြီးသေးပါဘူး။ ဒီနှစ်မိုးတွင်းအကုန်လောက် မှာတော့ မဖြစ်ဖြစ်အောင် စရိုက်နိုင်ဖို့ အသည်းအသန် ကြိုးစားနေပါတယ်။ အမေစုကတော့ ရုပ်ရှင်နဲ့ပတ်သက်ပြီး ဘယ်အချိန်ပြီးရမယ်။ ဘယ်တော့ရုံတင်ချင်တယ်။ ဘယ်အပိုင်းတွေကို မပါပါအောင် ထည့်ရမယ်ဆိုတာမျိုးတွေ တစ်ခုမှ မပြောပါဘူး။ အနုပညာဖန်တီးခွင့်ကို လွတ်လွတ်လပ်လပ် ရာနှုန်းပြည့်ပေးထားပါတယ်။ လိုအပ်တာ တွေကိုလည်း အကြံပေးတယ်။ တချို့စာအုပ်တွေထဲမှာ မတွေ့ရတဲ့ ကိုယ်တွေ့အချက်အလက် တွေကိုလည်း ပြောပြအကြံဉာဏ်ပေးတာမျိုးတွေ ရှိပါတယ်ဟု လူမင်းက ပြောသည်။

 

ကိုလင်း