ယခုနှစ် ရန်ကုန်တက္ကသိုလ်သို့ ကျောင်းသား၊ ကျောင်းသူ ၂၀ဝဝ ကျော်ဝင်ခွင့် ပြုမည်

ရန်ကုန် ၂၄ ဇွန် 

 

ရန်ကုန်၊ ဇွန် ၂၃-ယခုနှစ် ရန်ကုန် တက္ကသိုလ်ဝင်ခွင့်ကို ကျောင်းသား ကျောင်းသူ ၂၀ဝဝ ကျော် ခွင့်ပြုမည်ဖြစ်ပြီး နိုင်ငံတကာဆက်ဆံ ရေးပညာဘာသာရပ်မှာ ဘာသာ ရပ် ၂၆ ခုထဲတွင် အမှတ်အမြင့်ဆုံး ဖြစ်ကြောင်း သိရသည်။

 

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင် ကျောင်းသား ကျောင်းသူများအနေဖြင့် ရန်ကုန်တက္ကသိုလ်ကို တိုက်ရိုက်လျှောက်ထားနိုင်ပြီး ရန်ကုန်တက္ကသိုလ်တွင် ဖွင့်လှစ်သင်ကြားနေသည့် ဘာသာ ရပ်၂၆ ခုအတွက် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂၁၃၀ ဦး ဝင်ခွင့်ပေးမည်ဖြစ်ကြောင်း၊ ဘာသာရပ် ၂၆ ခုထဲတွင် နိုင်ငံတကာဆက်ဆံ ရေးပညာဘာသာရပ်ကို လျှောက်ထားမည်ဆိုပါက တက္ကသိုလ်ဝင် စာမေးပွဲ ရမှတ်စုစုပေါင်း ၄၇၀ ရ ရှိပြီး အင်္ဂလိပ်စာရမှတ် ၇၀ ရရှိသူများသာ လျှောက်ထားနိုင်မည် ဖြစ်ကြောင်း တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်အရ သိရသည်။

 

ရန်ကုန်တက္ကသိုလ်ကို ရန်ကုန်အပြင် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များမှ ကျောင်းသား၊ ကျောင်းသူများလည်း လျှောက်ထားနိုင်မည်ဖြစ်ပြီး သတ်မှတ်ချက်နှင့် ကိုက်ညီသော ဦးစားပေးဘာသာရပ် သုံးခုကိုသာ လျှောက်ထားခွင့်ရှိ မည်ဖြစ်ကြောင်း၊ ဝေးလံခေါင်ဖျား ဒေသမှ လျှောက်ထားမည့် ကျောင်းသား၊ ကျောင်းသူများ၏ခွဲတမ်းကို ဘာသာရပ်အသီးသီးတွင် လက်ခံမည့်ဦးရေ၏ ၂ ရာခိုင်နှုန်းကို ဝင်ခွင့်ပေးမည် ဖြစ်ကြောင်း၊ ဝင်ခွင့်ကို အရည်အချင်းစစ် လူတွေ့၊ နှုတ်ဖြေစာမေးပွဲဖြင့် ရွေးချယ်ဆောင် ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်တက္ကသိုလ်၏ ဘူမိဗေဒဘာသာရပ်ကို လျှောက်ထားမည့်သူများအနေဖြင့် လူတွေ့၊ နှုတ်ဖြေ စာမေးပွဲအပြင် သတ်မှတ်ထားသော စဉ်းမျဉ်းနှင့်အညီ မိုင် ၂၀ လမ်းလျှောက်နိုင်ရမည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ်တွင် နှစ်စဉ်လျှောက်ထားမှုနည်းပါးလေ့ရှိသည့် ဘာသာရပ်နှစ်ခု ဖြစ်သော မြန်မာမှုဘာသာရပ်နှင့် အရှေ့တိုင်း ပညာဘာသာရပ်တို့၏ ဝင်ခွင့်အမှတ်မှာ တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ် စုစုပေါင်း ၃၆၀ ရရှိရန် သတ်မှတ်ထားသည်။

 

ရန်ကုန်တက္ကသိုလ်၌ တက် ရောက်ခွင့်ရရှိမည့် သူများစာရင်း ကို www.uy.edu.mm တွင်လည်းကောင်း၊ ရန်ကုန်တက္ကသိုလ်ကျောင်း သားရေးရာဌာနတွင် လည်းကောင်း ကြေညာပေးမည်ဖြစ်သည်။

 

MDN