ယခုနှစ်အတွင်း အာဖဂန်နစ္စတန်နိုင်ငံ၌ အအေးဒဏ်ကြောင့် လူ ၁၀၀ ကျော် သေဆုံး

ကဘူးလ်   ဇန်နဝါရီ    ၂၇


အာဖဂန်နစ္စတန်   နိုင်ငံတစ်ဝန်း  ဆယ်စုနှစ်တစ်ခုအတွင်း   နိုင်ငံ ၏     အအေးဆုံး   ဆောင်းရာသီ ကြောင့်  ယခုနှစ်အတွင်း  လူ  ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း  တာလီ ဘန်    တာဝန်ရှိသူများက   ပြော ကြားသည်။

အလွန်အေးသည့်      လေထု သည် ဒေသအတွင်း ကျရောက် ခဲ့ပြီး   အပူချိန်မှာ    ပုံမှန်ထက် လျော့နည်းခဲ့ကြောင်း၊ မြို့တော် ကဘူးလ်ဝန်းကျင် ဒေသများတွင်  ယခုလအတွင်း အပူချိန်မှာ အနုတ် ၂၀   ဒီဂရီစင်တီဂရိတ်   အောက် ကျဆင်းခဲ့ကြောင်း သိရသည်။

ကလေးငယ်များ   အပါအဝင် လူအများအပြားမှာ ကျန်းမာရေး ဆိုင်ရာကြောင့် သို့မဟုတ် အအေး ဒဏ်ကြောင့်  သေဆုံးခဲ့ကြောင်း အာဏာပိုင်များက     ပြောကြား သည်။ တောင်ပိုင်း ကန်ဒါဟာပြည် နယ်၌ နာဂျီဘာအမည်ရှိ အမျိုးသမီး တစ်ဦး၏ မြေးမလေး အာမီဒီရာမှာ ယခုလ  အစောပိုင်းက ဖျားနာပြီး  သေဆုံးခဲ့ကြောင်း     သိရသည်။ အာမီဒီရာ၏   အဖေမှာ    နေ့စား  အလုပ်သမား    တစ်ဦးဖြစ်သည်။          အဆိုပါ  မိသားစုမှာ အစားအစာ၊ ဓာတ်ငွေ့နှင့် ၎င်းတို့နေအိမ်ကိုအပူ ဓာတ် ရရှိစေရန်အတွက် ထင်းများ ဝယ်ယူရန် ငွေမလုံလောက်ကြောင်း နာဂျီဘာက ပြောသည်။ တာလီ ဘန်တို့သည်      ကုလသမဂ္ဂနှင့် အခြားနိုင်ငံများမှ       အကူအညီ ရရှိရန်အတွက်    တောင်းဆိုထား သည်။ 
  
အာဖဂန်နစ္စတန်နိုင်ငံ၏ လူဦးရေ  သုံးပုံနှစ်ပုံ  (၂၈  သန်း)  မှာ ဆင်းရဲမွဲတေမှု၊ အစားအစာ ပြတ်လပ်မှုနှင့် အရေးပေါ်လူသား ချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားသည်။
 
အင်န်အိတ်ချ်ကေ