ယခုနှစ်ကုန်ပိုင်းတွင် ယူကရိန်းအရှေ့ပိုင်း၌ အပြည့်အဝအပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်ရန် ရုရှားနှင့် ယူကရိန်းတို့ သဘောတူညီချက်ရရှိ

ပါရီ ၁၁ ဒီဇင်ဘာ 

ယခုနှစ်ကုန်ပိုင်းတွင် ယူကရိန်းအရှေ့ပိုင်း၌ အပြည့်အဝ အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်ဆောင်ရွက်ရန် ရုရှားနှင့် ယူကရိန်းနိုင်ငံခေါင်းဆောင်များ သဘောတူညီ ခဲ့ကြသည်။

ဒီဇင်ဘာ ၉ ရက်က ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပ သည့် ယူကရိန်းနှင့် ရုရှားအပြင် ပြင်သစ်နှင့် ဂျာမနီတို့ ပါဝင်သောထိပ်သီးအစည်းအဝေးတွင်အဆိုပါသဘောတူညီ ချက်ရရှိခဲ့ခြင်းဖြစ်သည်။ ။

ယူကရိန်းနှင့် မော်စကိုက ထောက်ခံသော ရုရှားလိုလားသည့် ခွဲထွက်ရေးဝါဒီများက အပစ်အခတ်ရပ်စဲရေးကို ( အကောင်အထည်ဖော်မည်ဖြစ်ကြောင်းနှင့် ၂၀၁၉ ခုနှစ်ကုန်တွင် ယင်းကိစ္စနှင့် ဆက်စပ်သည့် အကျဉ်းသားအားလုံးကိုလည်း လဲလှယ်သွားရေး တွန်းအားပေးသွားမည်ဖြစ်ကြောင်း ပူးတွဲကြေညာချက်တစ်ရပ်ထုတ်ပြန်ကာ နှစ်နိုင်ငံ ခေါင်းဆောင်များက ပြောကြားခဲ့သည်။ ငါးနှစ်ကျော် ကာလကတည်းက ယူကရိန်းအရှေ့ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါပဋိပက္ခတွင် လူပေါင်း ၁၃၀၀၀ ခန့် သေဆုံးခဲ့သည်။ ပါရီတွင် ကျင်းပခဲ့သည့် ဆွေးနွေးပွဲများသည် အသီးအပွင့်များကို ခံစားရခြင်း ဖြစ်ကြောင်း ပြင်သစ်သမ္မတမက်ခရွန်က သတင်းထောက်များအား ပြောကြားခဲ့သည်။

ယူကရိန်းအနေဖြင့် ၎င်းတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲသင့်ကြောင်းနှင့် အဆင့်မြင့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအဖြစ် ခွင့်ပြုပေးသင့်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံကမူ ဗဟိုအစိုးရနှင့် သီးခြားပြည်နယ်များအကြား မည်သည့်အခါမှ အာဏာကန့်သတ် ခွဲဝေဖွဲ့စည်းမှု ဖြစ်လာလိမ့်မည်မဟုတ်ကြောင်း ယူကရိန်း သမ္မတ ဇီလန်စကီးက ပြောကြားခဲ့သည်။ ယင်းမှာ စည်းမျဉ်း တစ်ခုဖြစ်သည့်အတွက် မိမိအနေဖြင့် မည်သည့်အခါမှ ပြောင်းလဲလိမ့်မည်မဟုတ်ကြောင်း ဇီလန်စကီးက ထပ်လောင်းပြောကြားခဲ့သည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-အလင်းသစ်