ယခုနှစ်ပထမလေးလအတွင်း ဗီယက်နမ်နိုင်ငံ၏ စက်မှုထုတ်ကုန်ပမာဏ ၇ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်လာ

ဟနွိုင်း  မေ   ၆

 

ဗီယက်နမ်နိုင်ငံ၏  စက်မှုထုတ်ကုန်ပမာဏသည် ယခုနှစ်ပထမလေးလအတွင်း ၇ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်လာကြောင်း ဗီယက်နမ်နိုင်ငံ စာရင်းအင်းရုံး၏ ယနေ့ပြောကြားချက်အရ သိရသည်။

 

ထို့ပြင် နိုင်ငံအတွင်း၌  ကုန်ပစ္စည်းထုတ်လုပ်မှု ကဏ္ဍတွင် လုပ်ငန်းဆောင်ရွက်မှု ၈ ဒသမ ၃ ရာခိုင်နှုန်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေးကဏ္ဍတွင် ၆ ဒသမ ၆ ရာခိုင်နှုန်းနှင့် ရေဖြန့်ဖြူးရေးနှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲရေးကဏ္ဍတွင် ၁ ဒသမ ၁ ရာခိုင်နှုန်းစသည်ဖြင့်  လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ တိုးတက်လာခဲ့ကြောင်း အဆိုပါရုံးက ပြောကြားသည်။

 

နိုင်ငံအတွင်း၌ ဧပြီလအတွင်း ထုတ်လုပ်နိုင်သည့်  စက်မှုထုတ်ကုန်ပမာဏသည် မတ်လကထက် နှစ်ရာခိုင်နှုန်းတိုးတက်လာကြောင်း သိရသည်။ ဇန်နဝါရီလမှ ဧပြီလအထိ အချိုမှုန့်နှင့် ဖုန်းနှင့်ဆက်စပ် ပစ္စည်းထုတ်လုပ်မှု ၂၁ ဒသမ ၅ ရာခိုင်နှုန်း၊ သံချောင်းထုတ်လုပ်မှု  ၁၅ ဒသမ ၂ ရာခိုင်နှုန်း၊ သိုးမွေးထုတ်လုပ် မှု ၁၃ ဒသမ  ၅ ရာခိုင်နှုန်းနှင့် ဓာတ်မြေဩဇာထုတ်လုပ် မှု ၁၃ ဒသမ ၂ ရာခိုင်နှုန်း အသီးသီးတိုးတက်လာကြောင်း သိရသည်။        

        

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ