ယခုနှစ်ရှစ်လအတွင်း တရုတ်သို့ ကမ္ဘောဒီးယား၏ ဆန်တင်ပို့မှု ၅၄ ရာခိုင်နှုန်း မြင့်တက်လာ

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၁၉ ခုနှစ် ပထမရှစ်လအတွင်း တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၁၃၂၉၄၇ တန် တင်ပို့ ခဲ့ပြီး ပြီးခဲ့သည့်နှစ် အလားတူကာလထက် ၅၄ ရာခိုင်နှုန်း ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း တာဝန်ရှိသူ အစီရင်ခံစာတစ်စောင်က ယနေ့ ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံသည် ယခုနှစ်အတွင်း ဇန်နဝါရီလမှ သြဂုတ်လအတွင်း ကမ္ဘောဒီးယားမှ ဆန်အများဆုံး ဝယ်ယူသော နိုင်ငံဖြစ်ကြောင်း ဆန်ကုန်သည်များ၏ ထုတ်ပြန်သော အစီရင်ခံစာများအရ သိရသည်။

ကမ္ဘောဒီးယားနိုင်ငံ၏ စုစုပေါင်း ဆန်တင်ပို့မှု၏ ၃၉ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအစီရင်ခံစာက ဆိုသည်။

ယခုကာလအတွင်း ကမ္ဘောဒီးယားနိုင်ငံ ဥရောပဈေးကွက်သို့ ဆန်တန်ချိန် ၁၂၀ဝ၆၁ တင်ပို့ခဲ့ပြီး ၄၇ ရာခိုင်နှုန်းကို  ကျဆင်းသွားခဲ့ကာ အီးယူဈေးကွက်အတွင်း ကမ္ဘောဒီးယား ဆန်ဈေးကွက်ဝေစုမှာ ၅၂ရာခိုင်နှုန်းမှ ၃၅ ရာ ခိုင်နှုန်းသို့ ကျဆင်းသွားခဲ့သည်။ 

ဥရောပတိုက်မှ ဆန်ထုတ်လုပ်သည့်နိုင်ငံများကို ကာကွယ်ပေးရန် ဆန်တင်သွင်းမှုများ ဖြတ်တောက်မှုပြုလုပ်ပြီး နောက် အီးယူသည် ကမ္ဘောဒီးယားနိုင်ငံမှ သုံးနှစ်ကြာ ဆန်တင်သွင်းမှု ပိတ်ပင်ပြီးနောက် ဥရောပဈေးကွက်သို့ ဆန်တင်ပို့မှု ကျဆင်းသွားခဲ့သည်။  

ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ် ပထမရှစ်လအတွင်း နိုင်ငံပေါင်း ၅၁နိုင်ငံသို့ ဆန်တန်ချိန်ပေါင်း ၃၄၂၀၄၅ တန်ကို တင်ပို့နိုင်ခဲ့သည်ပြီး ယမန်နှစ် အလားတူကာလထက် ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ဟု အဆိုပါ အစီရင်ခံစာ၏ ထုတ်ပြန်ချက်အရ သိရသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်