ယနေ့ကျင်းပသည့် ကလေးစာပေပွဲတော် ဒုတိယရက် ပြိုင်ပွဲများတွင် ကလေး ၄၉၁၈ ဦး ပါဝင်ယှဉ်ပြိုင်ကစားခဲ့

ရန်ကုန် ၇ ဇန်နဝါရီ

 

ယနေ့ကျင်းပသည့် ကလေးစာပေပွဲတော် ဒုတိယရက် ပြိုင်ပွဲများတွင် ကလေး ၄၉၁၈ ဦး ပါဝင် ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

 

ကလေးစာပေပွဲတော်တွင် ကလေးများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန် ရည်ရွယ်ကာ ထည့်သွင်းကျင်းပသည့် ပြိုင်ပွဲများတွင် ကလေးများသည် တစ်ဦးချင်းအလိုက်၊ အဖွဲ့လိုက် ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး တစ်ဦးချင်းပြိုင်ပွဲများဖြစ်သည့် အရုပ်ဆက်ပြိုင်ပွဲတွင် ၄၁၅ ဦး၊ စကားပုံဆက်ပြိုင်ပွဲတွင် ၅၄၀ ဦး၊ စက္ကူခေါက်ပြိုင်ပွဲတွင် ၆၃၈ ဦး၊ ဆေးရောင်ခြယ် ပြိုင်ပွဲတွင် ၈၆၇ ဦး၊ ပုံပြောပြိုင်ပွဲတွင် ၁၁၆ ဦးနှင့် အိမ်တည် ဆောက်မှုပြိုင်ပွဲတွင် ၃၇၂ ဦး ပါဝင် ယှဉ်ပြိုင်ကစားခဲ့ကြသည်။

 

ထို့အတူ အဖွဲ့လိုက် ယှဉ်ပြိုင်ရသည့် ကစားနည်းပြိုင်ပွဲတွင် ကလေး ၁၉၇၀ ဦး ပါဝင် ယှဉ်ပြိုင် ကစားခဲ့သည်။

 

ထို့ပြင် စာပေဟောပြောပွဲနှင့် ဆွေးနွေးပွဲများသို့လည်း ကလေး ၃၀ဝ ခန့် ပါဝင် တက်ရောက် ခဲ့ကြောင်း သိရသည်။ 

 

သတင်းဓာတ်ပုံ-  အောင်မင်းဟန်