ယနေ့ပြောင်းလဲတိုးတက်လာသော ခေတ်စနစ်တွင် အဆင့်မြင့်ပညာရေး၏ အခန်းကဏ္ဍအရေးကြီးကြောင်း ပညာရှင်များ ဟောပြောဆွေးနွေး

ရန်ကုန်  ၂၈ ဇန်နဝါရီ 

 

မြန်မာနိုင်ငံ အဆင့်မြင့်ပညာရေး ဝန်ဆောင်မှုပေးသူများအသင်း (Association of Higher Education Service Provider-AHESP) မှ ကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UNFCC) ရုံးခန်းမ၌  ဇန်နဝါရီ ၂၇ ရက် မွန်းလွဲ ၂နာရီမှ ညနေ  ၅ နာရီထိ "အဆင့်မြင့်ပညာရေးနှင့် မြန်မာ့အနာဂတ်" ခေါင်းစဉ်ဖြင့် (Commercial Manager,Myanmar,Pears on Education)မှ ဆရာ ဦးကျော်ထင်၊ (Principal MHR)မှ ဒေါက်တာ ချိုချိုဝေ၊ (MD&HR Consultant, Billion Force Co.;Ltd)မှ ဒေါက်တာ တင်မမစိုး၊ (Founder, PS Business School)မှ ဆရာ ကိုမျိုးမင်းတို့က ဟောပြောဆွေးနွေး ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

 

ဤဟောပြောဆွေးနွေးခြင်း ပြုလုပ်ရသည့် အဓိကရည်ရွယ်ချက်သည် ယနေ့ ပြောင်းလဲတိုးတက်လာသော ခေတ်စနစ်တွင် အဆင့်မြင့်ပညာရေး၏ အခန်းကဏ္ဍအရေးကြီးပုံ၊ နိုင်ငံတကာရှိ အဆင့်မြင့်ပညာရေးနှင့် ပတ်သက်သော သိကောင်းစရာများ၊ ပြည်တွင်းရှိ အဆင့်မြင့်ပညာရေးနှင့် ပတ်သက်သောသိ ကောင်းစရာများ၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် အဆင့်မြင့်ပညာရေး အကြောင်းအရာများ ဟောပြောဆွေးနွေးခဲ့ကြကြောင်းနှင့် ဆွေးနွေးမှုမှ စစ်မှန်သော ပညာရေးရွေးချယ်မှု ရလဒ်ကောင်းများ ရရှိကြလိမ့်မည်ဖြစ်ကြောင်း သိရှိရသည်။   

 

မျိုးမင်းသိန်း(မရမ်းကုန်း)