ယင်းမာပင်မြို့အနီး  အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ရှား

နေပြည်တော် ၉ ဇူလိုင်


ယနေ့နံနက် မြန်မာစံတော်ချိန် ၉ နာရီ ၃၂ မိနစ်၊ ၁၅ စက္ကန့်တွင် ကန့်ဘလူမြေငလျင်စခန်းမှ အနောက်တောင်ဘက် မိုင် (၉၀)ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ယင်းမာပင်မြို့၏ အနောက်-အနောက်မြောက်ဘက် (၁၄)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၂.၁၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၆၉) ဒီဂရီ၊ အနက် (၁၀၆)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၃) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။


MDN