ယဉ်ကျေးလိမ္မာဆရာဖြစ်သင်တန်း အမှတ်စဉ်(၉/၂၀၁၉) သင်တန်းဆင်းပွဲကျင်းပ 

ရန်ကုန်  ၂  ဇွန်

 

မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာ့နုဂ္ဂဟအသင်းက ကြီးမှူးကျင်းပသည့် ယဉ်ကျေးလိမ္မာဆရာဖြစ် သင်တန်းအမှတ်စဉ် (၉/၂၀၁၉) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၁) နာရီခွဲက ရန်ကုန်မြို့ ကရဝိက်ဟိုတယ်၌ ကျင်းပသည်။

 

အခမ်းအနားတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာ့နုဂ္ဂဟ အသင်းနာယက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အဖွင့်အမှာစကား ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ် တောင်တန်းဒေသသာသနာ့နုဂ္ဂဟအသင်း ဥက္ကဋ္ဌဒေါက်တာခင်ရွှေက အမှာစကားပြောကြားပြီး သင်တန်းဆရာကြီး၊ ဆရာမကြီးများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

 

DSC_02

 

ယင်းနောက် သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးက သင်တန်းဆင်း ဆရာ၊ ဆရာမများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့သူများအား ဆုများချီးမြှင့်ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

 

ထို့နောက် သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင် စကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးသည် တက်ရောက်လာသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

 

(သတင်းစဉ်)

 

DSC_0