YouTube ပေါ်က အစွန်းရောက် ဗွီဒီယိုဖိုင်များ ဖြုတ်ချရန် Google က ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်

ဆန်ဖရန်စစ္စကို ၁၄ နိုဝင်ဘာ

အဆိုပါ မူဝါဒဟာ အမေရိကန်၊ ဗြိတိန် စတဲ့အစိုးရအဖွဲ့အစည်းတွေက အကြမ်းဖက်အဖြစ် သတ်မှတ်ထားတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေရဲ့ ဗွီဒီယိုဖိုင်တွေကို အဓိက သက်ရောက်မှုရှိစေမှာ ဖြစ်ပါတယ်။


You Tube အနေနဲ့ အစိုးရအဖွဲ့အစည်းများ၊ လူ့အခွင့်အရေးအဖွဲ့များက You Tube ရှိ အကြမ်းဖက် ဗွီဒီယိုတွေကို ဖြုတ်ချဖို့ ယခင်ကတည်းက တောင်းဆိုခဲ့ပေမယ့် ဝါဒဖြန့်မှုတွေက ကြည့်ရှုသူတွေကို အစွန်းရောက်စေပြီး သေစေနိုင်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ ပါဝင်လာစေ တယ်ဆိုတဲ့ အချက်ကို ငြင်းဆန်ခဲ့ပါတယ်။


ယခုအခါ အကြမ်းဖက် ဆိုသည့် စကားရပ် အသုံးပြုမှုကို တားမြစ်ထားပြီး ဖြစ်တာကြောင့် ယခု ထပ်မံ ကျင့်သုံးမယ့် မူဝါဒအနေအရ စစ်သွေးကြွတွေရဲ့အကောင့် (Account) များဖြင့် ဖြန့်ချိခဲ့ဖွယ်ရှိတဲ့ ဗွီဒီယိုဖိုင်တွေကို ထပ်မံရှာဖွေ ဖြုတ်ချသွားမှာဖြစ်တယ်လို့ You Tube တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါတယ်။ 


အဆိုပါ မူဝါဒသစ်ဟာ အကြမ်းဖက်မှုနဲ့ပတ်သက်တဲ့ သတင်းနဲ့ ပညာပေးဆိုင်ရာ ဗွီဒီယိုဖိုင်တွေကိုတော့ သက်ရောက်မှု ရှိမှာမဟုတ်ကြောင်း၊ ပရိသတ် တိုးတက်ရရှိမှုကို အဟန့်အတားဖြစ်မှာ စိုးရိမ်တာကြောင့် အရေးကြီး ဗွီဒီယိုဖိုင်တွေအတွက် တည်းဖြတ်မှုအပိုင်းကို ပိုမို ထိန်းချုပ်မှုတွေပြုလုပ် သွားမယ်လို့ You Tube အနေနဲ့ ခုခံချေပထားကြောင်း သိရှိရပါတယ်။ 


ဘာသာပြန် မိုးမမ 
Source: Reuters