ယူ-၂၀ ကမ္ဘာ့ဖလားဗိုလ်လုပွဲ ယူကရိန်းနှင့် တောင်ကိုရီးယား ယှဉ်ပြိုင်ကစားမည်

ဇွန် ၁၃ 

ယူ-၂၀ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယမန်နေ့က ယှဉ်ပြိုင်ကစားခဲ့ရာ ယူကရိန်းနှင့် အီတလီအသင်းတို့ ပွဲစဉ်တွင် ယူကရိန်းအသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး အီကွေဒေါနှင့် တောင်ကိုရီးယားအသင်းတို့ ပွဲစဉ်တွင်လည်း တောင်ကိုရီးယား အသင်းက တစ်ဂိုး-ဂိုးမရှိဖြင့်ပင် အနိုင်ရရှိခဲ့သည်။

3+


ယူ-၂၀ ကမ္ဘာ့ဖလား တတိယနေရာလုပွဲကို ဇွန် ၁၄ ရက်တွင် အီတလီနှင့် အီကွေဒေါအသင်းတို့ ယှဉ်ပြိုင်ကစားသွား ကြမည်ဖြစ်ပြီး ဗိုလ်လုပွဲကို ဇွန် ၁၅ ရက်တွင် ယူကရိန်းနှင့် တောင်ကိုရီးယားအသင်းတို့ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။
အောင်ဇော်