ယူအေအီးတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၃၄၄ ဦး ထပ်မံ တွေ့ရှိ

၁၄ ဇူလိုင်

 

 

အာရပ်စော်ဘွားများ ပြည်ထောင်စု(ယူအေအီး)တွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၃၄၄ ရှိပြီး ကူးစက်ခံရသူပေါင်း ၅၅၁၉၈ ဦး ရှိလာကြောင်း အတည်ပြု ထုတ်ပြန်ခဲ့သည်။

 

 

ယူအေအီး ကျန်းမာရေးနှင့် ကာကွယ်တားဆီးရေး ဝန်ကြီးဌာနက ထပ်မံကူးစက် ခံရသူများမှာ ကုသမှု ခံယူနေပြီး ၎င်းတို့အားလုံး အခြေအနေ တည်ငြိမ်မှုရှိကြောင်း ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

 

 

တစ်ဦးထပ်မံ သေဆုံးသည်ကို အတည်ပြုခဲ့ပြီးနောက် နိုင်ငံအတွင်း သေဆုံးသူ စုစုပေါင်း ၃၃၄ ဦး ရှိသည်။

 

 

ယူအေအီးနိုင်ငံသည် ပင်လယ်ကွေ့နိုင်ငံများထဲတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို ဖော်ပြခဲ့သော ပထမဆုံး နိုင်ငံ ဖြစ်သည်။

 

 

ဧပြီလနှောင်းပိုင်းက ဒူဘိုင်းရှိ တရုတ်ကောင်စစ်ဝန်ချုပ်သည် တရုတ် ဆရာဝန်များနှင့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များနှင့် ယူအေအီး ဆရာဝန်များနှင့် ဆေးဘက်ဆိုင်ရာ ပညာရှင် များနှင့်အတူ ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် ကုသရေးဆိုင်ရာ အတွေ့အကြုံများကို ဖလှယ်ရန် အွန်လိုင်းကွန်ဖရင့် ပြုလုပ်ရန် စီစဉ်ပေးခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို