ယူဂန္ဓာနိုင်ငံအရှေ့မြောက်ဘက်၌ အကျဉ်းထောင်ဖောက်မှုဖြစ်ပွား၊ အကျဉ်းသား ၂၀၀ ကျော် ထွက်ပြေးလွတ်မြောက်

ကမ်ပါလာ ၁၈ စက်တင်ဘာ

ယူဂန္ဓာနိုင်ငံ၏ အရှေ့မြောက်ဘက် မိုရိုတိုခရိုင်ရှိ အကျဉ်းထောင်တစ်ခု၌ အကျဉ်းထောင်ဖောက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး နောက် အကျဉ်းသား ၂၁၉ ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း အကျဉ်းထောင်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယမန်နေ့ကပြောကြားခဲ့သည်။

သို့သော် မိုရိုတိုမြို့ရှိ ဆင်ဂီလာအကျဉ်းထောင်မှ အကျဉ်းသားများ ထွက်ပြေးလွတ်မြောက်ခဲ့ပြီးနောက် ( အကျဉ်းသားခုနစ်ဦးကို တာဝန်ရှိသူများက ပြန်လည်ဖမ်းဆီး ခဲ့ပြီး ကျန်သုံးဦးကို ပစ်သတ်နိုင်ခဲ့ကြောင်း ပြောရေးဆိုခွင့် ရှိသူ ဖရန့်ဘိုင်နီက တယ်လီဖုန်းဖြင့် ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။

အကျဉ်းထောင်မှ တပ်ဖွဲ့ဝင်များ၊ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များသည် ထွက်ပြေးလွတ်မြောက်သွားသည့် အကျဉ်းသား များကို လိုက်လံရှာဖွေလျက်ရှိကြကြောင်း သိရသည်။ ရှာဖွေရေးအဖွဲ့သည် ရဟတ်ယာဉ်ဖြင့် ရှာဖွေမှုကို ယမန် နေ့ညက ရုပ်သိမ်းခဲ့သော်လည်းခြေကျင်ဖြင့် ဆက်လက် ကင်းလှည့်ရှာဖွေလျက်ရှိကြောင်း၊ ယနေ့ညနေပိုင်းလောက် ဆိုလျှင် ရလဒ်ကောင်းများ ထွက်ပေါ်လာလိမ့်မည်ဟုမျှော်လင့် ရကြောင်း ပြောရေးဆိုခွင့်ရှိသူက ထပ်မံပြောကြားသည်။

အဆိုပါ အကျဉ်းသားများအနက် အများစုမှာ တရားမဝင် စစ်လက်နက်များ ပိုင်ဆိုင်မှုဖြင့် ထောင်ချခြင်းခံရသူများ ဖြစ်သည်။ ယခုနှစ် မတ်လက ယူဂန္ဓာနိုင်ငံ၏ အနောက်မြောက်ဘက် အာရွာခရိုင်၌ အကျဉ်းထောင်ဖောက်ကာ ထွက်ပြေးလွတ်မြောက်ရန် ကြိုးပမ်းအားထုတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ အကျဉ်းသားသုံးဦးထက်မနည်း သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - ဂျေတီ