ယူဂန္ဓာနိုင်ငံ၌ အရွယ်ရောက်ပြီးသူအားလုံး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးမည်

ကမ်ပါလာ နိုဝင်ဘာ ၂၂

 

ယူဂန္ဓာနိုင်ငံ၌ အရွယ်ရောက်ပြီးသည့် ပြည်သူအားလုံး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးမည် ဖြစ်ကြောင်း ယူဂန္ဓာအစိုးရအဖွဲ့က ယမန်နေ့တွင် ပြောသည်။

 

ကျန်းမာရေးဝန်ထမ်းများအပါအဝင် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူအားလုံးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်း ယူဂန္ဓာသမ္မတယိုဝီရီမူဆီဗီနီကရုပ်သံလိုင်းတစ်ခုတွင် ပြောကြားသည်။

 

ကာကွယ်ဆေးအလုံးရေအများအပြားကို ဝယ်ယူခဲ့ပြီးနောက် အဆိုပါကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်ကို သမ္မတ ယိုဝီရီမူဆီဗီနီက ထုတ်ဖော်ပြောကြားခြင်း ဖြစ်သည်။

 

ထို့ပြင် ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံပေးရန်နှင့်ပတ်သက်ပြီး အစိုးရအဖွဲ့က ကြိုးပမ်း လျက်ရှိကြောင်း သိရသည်။

 

လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးအလုံးရေ ၁၅ သန်းကျော် လက်ခံရရှိပြီးဖြစ်ကြောင်းနှင့် ပြည်သူခြောက်သန်းအား ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။ ။

 

နိုင်ငံအတွင်း ရောဂါကူးစက်မှုစတင်ဖြစ်ပွားသည့် အချိန်မှစပြီး လက်ရှိအချိန်အထိ ရောဂါကူးစက်ခံရသူ ပေါင်း ၁၂၇၀၀၀ ရှိပြီး အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၃၂၄၇ ဦးရှိသည်။ ရောဂါမှ ပြန်လည် ကျန်းမာလာသူပေါင်း ၉၇၀၀၀ ရှိကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်