ယူဂန်ဒါနိုင်ငံတွင် စာသင်ကျောင်းများ၊ တက္ကသိုလ်များ အဆင့်ဆင့် ပြန်လည်ဖွင့်လှစ်မည်

၅ ဖေဖော်ဝါရီ 

 

 

ယူဂန်ဒါနိုင်ငံတွင် စာသင်ကျောင်းများနှင့် အဆင့်မြင့် ပညာရေး အဖွဲ့အစည်းများကို ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကာကွယ်ရေး အစီအမံများဖြင့် မတ် ၁ ရက်တွင် ပြန်လည် ဖွင့်လှစ်မည်ဟု သမ္မတ ယိုဝီရီ မူစီဗန်နီက ယမန်နေ့က ပြောကြားသည်။

 

 

စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်သည့် အချိန်သည် ဆရာများ၊ ကျန်းမာရေး လုပ်သားများ၊ လုံခြုံရေး ဝန်ထမ်းများနှင့် သက်ကြီးရွယ်အိုများ ကိုဗစ်ကာကွယ်ဆေး ထိုးနှံသည့် အချိန်နှင့် အချိန်ကိုက် ဖြစ်လိမ့်မည်ဟု မူစီဗန်နီက ဆိုသည်။

 

 

မိမိတို့အနေဖြင့် မတ်လတွင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှု စတင်ရန် ပြင်ဆင်နေပြီး COVAX အစီအစဉ်မှ ကိုဗစ်ကာကွယ်ဆေး ၃ ဒသမ ၅ သန်း လက်ခံရရှိကြောင်းနှင့် ပြည်သူ ၉ သန်းကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံရန်အတွက် ကာကွယ်ဆေး ၁၈ သန်း ခန့်ကို အိန္ဒိယနိုင်ငံမှ ရရှိရန်လည်း စီစဉ်ထားကြောင်း မူစီဗန်နီက ပြောကြားခဲ့သည်။

 

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများကို ထိန်းချုပ်ရန် စာသင်ကျောင်းမျာနှင့် ပညာရေး အဖွဲ့အစည်းများ အားလုံးကို ၂၀၂၀ ခုနှစ် မတ်လက ပိတ်ထားခဲ့သည်။

 

 

ယူဂန်ဒါနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၉၇၃၅ ဦး ရှိပြီး ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသူ ၁၄၃၁၀ ဦးရှိသည်။

 

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၃၂၇ ဦး ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို