ယူကရိန်းအပေါ်အပစ်အခတ်ရပ်စဲရန်နှင့် တွေ့ဆုံဆွေးနွေးရန် ရုရှားနိုင်ငံကို အိန္ဒိယဝန်ကြီးချုပ် တိုက်တွန်း

ဖေဖော်ဝါရီ ၂၅

 

အိန္ဒိယဝန်ကြီးချုပ် နာရိန်ဒရာမိုဒီက ယူကရိန်းနိုင်ငံရှိအကြမ်းဖက်တိုက်ခိုက်မှုကိုချက်ချင်းရပ်စဲရန်နှင့် ပြန်လည်တွေ့ဆုံဆွေးနွေးရန် ရုရှားသမ္မတပူတင်ကို တိုက်တွန်းပြောကြားသည်။

 

မိုဒီသည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ယမန်နေ့က ဖုန်းဖြင့်ဆက်သွယ်ပြောကြားခဲ့သည်ဟု အိန္ဒိယအစိုးရက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ထိုထုတ်ပြန်ချက်တွင် သံတမန်ရေးအရ စေ့စပ်ညှိနှိုင်းရေးနှင့်တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းသို့ပြန်သွားရန် ဘက်ပေါင်းစုံမှကြိုးစား ဆောင်ရွက်ရန် မေတ္တာရပ်ခံထားသည်ဟု သိရသည်။

 

အိန္ဒိယနိုင်ငံသည် ရုရှားနိုင်ငံနှင့်ကာလကြာရှည်စွာရင်းရင်းနှီးနှီးဆက်ဆံခဲ့ပြီး ထိုနိုင်ငံနှင့်ခိုင်မာသော စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးရှိသည်ဟု သိကြသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို