ယူကရိန်းလေယာဉ်ပျက်ကျမှုတွင် သေဆုံးသူများအတွက် တရားမျှတမှုရှိရေး လုပ်ဆောင်မည်ဟု ကနေဒါဝန်ကြီးချုပ် ကတိပြုပြောကြား

၁၃ ဇန်နဝါရီ

ပြီးခဲ့သည့် သီတင်းပတ်က တီဟီရန်အနီး ယူကရိန်းလေယာဉ်တစ်စင်း ပျက်ကျခဲ့မှုတွင် သေဆုံးသွားသူများအတွက် တရားမျှတမှုရှိရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးက ကတိပြုပြောကြားခဲ့သည်။

 

u2

 

ယူကရိန်းလေယာဉ်ကို မှားယွင်းစွာ ပစ်ခတ်မိခဲ့ကြောင်းကို အီရန်လက်နက်ကိုင်တပ်ဖွဲ့က  ပြီးခဲ့သည့် စနေနေ့က ဝန်ခံပြောကြားခဲ့သည်။ ထိုလေယာဉ်ပေါ်ပါ ၁၇၆ ဦးစလုံး သေဆုံးသွားခဲ့သည်။

 

u3

 

ယင်းသေဆုံးသူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်  အခမ်းအနားများကို ကနေဒါနိုင်ငံ တစ်ဝှမ်းတွင် ယမန်နေ့က ကျင်းပခဲ့ကြသည်။၎င်းသေဆုံးသူ ၁၇၆ ဦးအနက် ၅၇ ဦးမှာ ကနေဒါနိုင်ငံမှ ဖြစ်သည်။

 

u4

 

ဗြိတိန်နှင့် ဆွီဒင်နိုင်ငံ အပါအဝင် အခြားနိုင်ငံများနှင့်အတူ ကနေဒါနိုင်ငံကလည်း တာဝန်ရှိသူများကို အီရန်နိုင်ငံသို့ ထိုလေယာဉ်ပျက်ကျမှုနှင့်ပတ်သက်ပြီး ကြည့်ရှုစစ်ဆေးရန်  စေလွှတ်ခဲ့သည်။ယနေ့အစောပိုင်းတွင် ဝန်ထမ်းများထပ်မံ စေလွှတ်ရန် စီစဉ်ထားသည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို