ယူကရိန်းနိုင်ငံအတွင်းရှိ ဂျပန်နိုင်ငံသားများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန တိုက်တွန်း

ဖေဖော်ဝါရီ ၂၂

 

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယူကရိန်းနိုင်ငံအတွင်းရှိ ဂျပန်နိုင်ငံသားများအားဘေးကင်းရာသို့ ချက်ချင်း ရွှေ့ပြောင်းကြရန် ထပ်မံတိုက်တွန်းပြောကြားခဲ့သည်။

 

ထိုဝန်ကြီးဌာနသည် ယူကရိန်းနိုင်ငံနှင့်ပတ်သက်သော ပြည်ပခရီးသွားဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အချက်အလက်အသစ်ကို ယနေ့မနက်တွင် ထုတ်ပြန်ခဲ့သည်။

 

ရုရှားသမ္မတဗလာဒီမာပူတင်က ယူကရိန်းအရှေ့ပိုင်း ခွဲထွက်ရေးဒေသနှစ်ခုကို လွတ်လပ်သောနယ်မြေအဖြစ် သတ်မှတ်ကြောင်းလက်မှတ်ရေးထိုးပြီးနောက်တွင် ယင်းသို့ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

 

ဒွန်ဘတ်ဒေသတွင် ရုရှားလိုလားသောခွဲထွက်ရေးသမားများက ယူကရိန်းတပ်ဖွဲ့များကို တိုက်ခိုက်မှုများသည်  ပြီးခဲ့သည့်သီတင်းပတ်ကုန်မှစတင်ကာ အရှိန်အဟုန်မြင့်မားလာခဲ့သည်ဟု ထိုဝန်ကြီးဌာနကဆိုသည်။

 

ယူကရိန်းနိုင်ငံတွင် ပြီးခဲ့သည့်သီတင်းပတ်ကုန်အထိ ဂျပန်နိုင်ငံသားဦးရေ ၁၂၀ ခန့်ရှိကြောင်း ၎င်းဝန်ကြီးဌာနကပြောသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို