ယူကရိန်းနိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်မှု အရှိန်လျော့ကျလာပြီဖြစ်

ကိယက်ဗ် နိုဝင်ဘာ ၂၄

 

ယူကရိန်းနိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်မှုမှာ အရှိန်နှေးလာသည့် လက္ခဏာများ ပြသလာပြီဟု အစိုးရက နိုဝင်ဘာ ၂၂ ရက်တွင် ပြောသည်။

 

ကူးစက်မှုနှုန်းနှင့် ဆေးရုံတက် ကုသရမှုနှုန်း ကျဆင်းလာသည့်အတွက် အကောင်းဘက်သို့ ဦးတည်လာပြီ ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကိုဗစ်- ၁၉ ကူးစက်ခံရသူ ၂၄၄၁၉ ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။

 

ယခင်က တစ်ပတ်အတွင်း ဆေးရုံတက်ရမှုနှုန်းမှာ ၃၂၀၀၀ သိရသည်။ ပြီးခဲ့သည့် ၇ ရက် တာကာလအတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုနှုန်းမှာလည်း ပြီးခဲ့သည့် သီတင်းပတ်များနှင့် နှိုင်းယှဉ်လျှင် ကျဆင်းလာပြီဖြစ်သည်။

 

ယခုလို ကျဆင်းခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ ၁ ဒသမ ၇ သန်းကို ထိုးပေးနိုင်ခဲ့သည်။ ဖေဖော်ဝါရီမှ စတင်၍ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုစတင်ခဲ့ရာ ကာကွယ်ဆေး အလုံးရေ ၂၂ ဒသမ ၇သန်း ထိုးနှံ ပေးနိုင်ခဲ့ပြီဖြစ်သည်။

ဆင်ဟွာ