ယူကရိန်းပဋိပက္ခများကို အဆုံးသတ်ရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့် တူရကီသမ္မတတို့ သဘောတူ

နယူးယောက်  ဧပြီ   ၂၆ 

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်      အန်တိုနီယို ဂူတာရက်စ်နှင့်   တူရကီသမ္မတ    ရီဆတ်တေရစ် အာဒိုဂန်တို့သည်  ဧပြီ ၂၅ ရက်က ယူကရိန်းတွင် ပဋိပက္ခများကို အဆုံးသတ်ရန်နှင့်  အရပ်သားများ  ခံစားနေရသော ဒုက္ခများကို အဆုံးသတ်ရန် အခြေ အနေကောင်းများ    ဖန်တီးပေးနိုင်ရေးအတွက် ၎င်းတို့၏  ကတိကဝတ်များကို ထပ်မံအတည်ပြုခဲ့ကြ ကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။ 

ဂူတာရက်စ်သည် တူရကီမြို့တော် အင်ကာရာ တွင် ဧပြီ ၂၅ ရက်က အာဒိုဂန်နှင့်တွေ့ဆုံခဲ့သည်။ ယူကရိန်းပဋိပက္ခနှင့် ဆက်စပ်လျက်ရှိသော တူရကီ ၏ ဆက်လက်လုပ်ဆောင်လျက်ရှိသည့်   သံတမန် ဆိုင်ရာ    ကြိုးစားအားထုတ်မှုများကို   အားပေး ထောက်ခံလျက်ရှိကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဂူတာရက်စ်၏  ဒုတိယပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟက်က နယူးယောက်တွင် သတင်းထောက် များကို ပြောကြားလိုက်သည်။

ပဋိပက္ခကိုဖြစ်နိုင်သမျှ အမြန်ဆုံးအဆုံးသတ်ရန် နှင့်       အရပ်သားများ၏    ခံစားနေရမှုများကို အဆုံးသတ်ရန်  ၎င်းတို့၏ ဘုံရည်မှန်းချက်များကို ထပ်မံအတည်ပြုခဲ့ကြောင်း၊     အရပ်သားများကို  ကယ်ဆယ်ရွှေ့ပြောင်းမှုများ  လုပ်ဆောင်နိုင်ရန်နှင့် ဒုက္ခရောက်နေသော လူမှုအသိုင်းအဝိုင်းများကို လည်း  အကူအညီအထောက်အပံ့များပေးနိုင်ရန် လူသားချင်း      ထောက်ထားညှာတာမှုဆိုင်ရာ စင်္ကြံလမ်းမှတစ်ဆင့်  ထိထိရောက်ရောက်    အကူ အညီပေးနိုင်ရန်  ဂူတာရက်စ်နှင့် အာဒိုဂန်တို့က တိုက်တွန်းခဲ့ကြောင်း ဟက်က ပြောသည်။ 

ဂူတာရက်စ်နှင့် အာဒိုဂန်တို့သည် ဒေသတွင်း သာမက  စွမ်းအင်၊ အစားအစာနှင့် ဘဏ္ဍာရေးအပါ အဝင် ကမ္ဘာ့ရေးရာကိစ္စရပ်များအပေါ် ယူကရိန်း ပဋိပက္ခက မည်ရွေ့မည်မျှ     အကျိုးသက်ရောက်မှု  ရှိခဲ့သလဲဆိုသည့်အပေါ်       ဆွေးနွေးခဲ့ကြောင်း   ဟက်က    ပြောသည်။                         ဆင်ဟွာ