ယူနက်စနက်ကို အသိအမှတ်ပြု ဇီဝအဝန်းနယ်မြေ သတ်မှတ်ခံနယ်မြေဖြစ်လာတဲ့ အင်းတော်ကြီးကန်

နေပြည်တော် ၁ နိုဝင်ဘာ
 

မြန်မာနိုင်ငံ၏အကြီးဆုံးကန်ဖြစ်သည့် ကချင်ပြည်နယ် မိုးညှင်းခရိုင်အတွင်းရှိ အင်းတော်ကြီးကန်နှင့်  ကန်ပတ်ဝန်းကျင်ဒေသရှိ ဇီဝမျိုးစုံမျိုးကွဲတန်းဖိုးများ မြင့်မားမှုကို  နိုင်ငံတကာမှ အသိအမှတ်ပြုတဲ့အနေနဲ့ ကန်၏ရေဝေရေလဲဒေသများ၊ စိုက်ပျိုးမြေများနှင့် ကျေးရွာများပါဝင်သောနယ်မြေကို ယူနက်စကို ဇီဝအဝန်းနယ်မြေ အဖြစ် ၂၀၁၇ ခုနှစ် ဇွန်လ ၁၅ ရက်က သတ်မှတ်ခြင်းခံခဲ့ရပါတယ်။
အင်းတော်ကြီးကန်သည် အရှေ့တောင်အာရှဒေသမှာ တတိယ အကြီးဆုံးရေကန်ကြီးဖြစ်ပြီး ကန်၏ ရေဝပ်ဒေသတွင် ရေဝေရေလဲသစ်တောများသည် ဒေသရင်းမျိုးစိတ်များနှင့် ကမ္ဘာ့အဆင့်ခြိမ်းခြောက်မှုခံနေရသည့် ငှက်၊ ငါး၊ လိပ်၊ မျောက်နှင့် အခြားနို့တိုက် သတ္တဝါမျိုးစိတ်အများအပြား နေထိုင်ကျက်စားရာဒေသများ ဖြစ်ပါတယ်။
  အခုလို အင်းတော်ကြီးကန်ဒေသကို ဇီဝအဝန်းနယ်မြေသတ်မှတ်ခြင်းဖြင့် ဇီဝမျိုးစုံမျိုးကွဲများသည် လူသားများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး ဂေဟစနစ်ဝန်ဆောင်မှုတွေကို ပံ့ပိုးပေးလျက်ရှိပါတယ်။

 

တကယ်လို့ ဇီဝမျိုးစုံ မျိုးကွဲပျက်ဆီး ဆုံးရှုံးပါက  အကျိုးဆက်အားဖြင့် ရာသီဥတုပြောင်းလဲမှု၊ ရေရှားပါးမှု၊ သဘာဝဘေးအန္တရာယ်ကျရောက်မှု၊ စွမ်းအင်မလုံလောက်မှု စသည့် စိန်ခေါ်မှုအများအပြားနှင့် ကြုံတွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း  ဇီဝမျိုးစုံမျိုးကွဲ ပျက်ဆီးဆုံးရှုံးမှု၊ ဂေဟစနစ် အဆင့်အတန်းကျဆင်းမှုတို့ကို လျော့နည်းသက်သာစေရန် အဓိကထိန်းသိမ်းရေး မူဝါဒတစ်ရပ်အနေနဲ့ သဘာဝနယ်မြေများကို ကမ္ဘာအနှံ့အပြားမှာ တည်ထောင်လျက်ရှိပါတယ်။


မြန်မာနိုင်ငံမှာ အမျိုးအစားစုံလင်လှသည့် ဂေဟနစ်များကို ကိုယ်စားပြု ထိန်းသိမ်းကာကွယ်နိုင်ရန်အတွက် သဘာဝနယ်မြေတည်ထောင်ရေးကို အလေးပေးဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းကို သဘာဝနယ်မြေအဖြစ် တည်ထောင်ထားပြီး ဖြစ်တယ် လို့လည်း သိရပါတယ်။
 

ဇီဝအဝန်းနယ်မြေများအဖြစ် မြန်မာနိုင်ငံတွင် အင်းလေးကန်ဒေသနှင့် အင်းတော်ကြီးကန်တို့ကို သတ်မှတ်ခဲ့ပြီး အင်းတော်ကြီးကန်သည် ဇီဝမျိုးစုံမျိုးကွဲ ထူးခြားစွာပေါများမှုကြောင့် အင်းတော်ကြီးကန်နှင့် ပတ်ဝန်းကျင်ဒေသကို ၂၀ဝ၃ ခုနှစ်တွင် အာဆီယံအမွေအနှစ် ဥယျာဉ် အဖြစ်လည်းကောင်း၊ ၂၀ဝ၄ ခုနှစ်တွင် ငှက်မျိုးစိတ်အရေးကြီး နယ်မြေအဖြစ်လည်းကောင်း၊ ၂၀၁၅ ခုနှစ်မှာ အရှေ့အာရှ သြစတြေးလျ ငှက်ပျံသန်းလမ်းကြောင်း မိတ်ဖက်အဖွဲ၏ ကွန်ရက်နယ်မြေအဖြစ်လည်းကောင်း၊ ၂၀၁၆ ခုနှစ်တွင် ရမ်ဆာရေဝပ်ဒေသအဖြစ်လည်းကောင်း၊ ယခု ၂၀၁၇ ခုနှစ်တွင် လူသားနှင့်ဇီဝအဝန်း နယ်မြေအဖြစ်လည်းကောင်း သတ်မှတ်ခံရကြောင်း သိရပါတယ်။
 

(MDN)