ယူရို ၂၀၂၀ ခြေစစ်ပွဲ ပွဲစဉ်(၃) ခန့်မှန်းချက်များ

mdn

၇ ဇွန်

ဥရောပရဲ့ကလပ်အသင်းပွဲစဉ်တွေ ပြီးဆုံးခဲ့ပြီဖြစ်ပေမယ့်လည်း ဘောလုံးပွဲတွေကတော့ ရပ်နားသွားခြင်း မရှိပါဘူး။ နိုင်ငံတကာပြိုင်ပွဲတွေနဲ့အတူ ဆက်လက်အကြိတ်အနယ်ရှိသွားဦးမှာ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ ဆိုရင် နိုင်ငံတကာပွဲတွေ အနက် ယူရို ၂၀၂၀ ခြေစစ်ပွဲတွေကိုယှဉ်ပြိုင်ကစားတော့မှာဖြစ်လို့ ပိုမိုစိတ်ဝင်စားဖို့ကောင်းနေပါတယ်။ ဒါကြောင့်လည်း အဆိုပါပွဲတွေအနက်က ပွဲကောင်းအချို့ကို ထုတ်နုတ်တင် ဆက်ပေးလိုက်ရပါတယ်။ အဆိုပါပွဲတွေအထဲမှာ ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ ဘယ်လ်ဂျီယံတို့လို အသင်းကြီးတွေအပြင် ခရိုအေးရှားနဲ့ ဝေလတို့လိုအသင်းကောင်းတွေလည်း ပါဝင်နေလို့ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

 

ခရိုအေးရှား - ဝေလ

ည ၇:၃၀ (စနေနေ့)

နောက်ဆုံးတွေ့ဆုံမှု ဝေလ ၁ - ၂ ခရိုအေးရှား

ခရိုအေးရှားက အသင်းကောင်းတစ်သင်း ဖြစ်ပါတယ်။ မန်ဇူ ကစ်၊ မိုဒရစ်၊ ရာကီတစ်တို့လို ကစားသမားကောင်းတွေ လည်းရှိနေပါတယ်။ အထူးသဖြင့် ခရိုအေးရှားဟာ ဒီခြေစစ်ပွဲ အတွင်း နှစ်ပွဲကစားပြီးချိန်မှာ အဇာဘိုင်ဂျန်ကို အနိုင်ရခဲ့ ပေမယ့် ဟန်ဂေရီကို မထင်မှတ်ဘဲအရေးနိမ့်ခဲ့တာကြောင့် ဒီအိမ်ကွင်းပွဲမှာ နိုင်ပွဲရယူနိုင်ဖို့ခြေကုန်ထုတ်လာမှာပါ။ ဝေလ ကတော့ အသင်းလိုက်စုဖွဲ့ မှုမှာ ခရိုအေးရှား ကိုမမီဘူး။ ခရို အေးရှားနိုင်ပွဲရမှာပါ။

 

အိုက်စလန် - အယ်ဘေးနီးယား

ည ၇:၃၀ (စနေနေ့)

နောက်ဆုံးတွေ့ဆုံမှု အိုက်စလန် ၂ - ၁ အယ်ဘေးနီးယား

အိုက်စလန်က ပြင်သစ်ကို ဂိုးပြတ်အရေးနိမ့်ခဲ့ပေမယ့်လည်း ခြေစစ်ပွဲအောင်ဖို့အတွက် အဓိကပြိုင်ဘက်တစ်သင်းဖြစ်တဲ့ အယ်လ်ဘေးနီးယား ကိုအနိုင်ယူပြီးဒုတိယနေရာက တူရကီကို ဖိအားပေးနိုင်ဖို့အားစိုက်လာမှာ ဖြစ်ပါတယ်။ အယ်ဘေး နီးယားကလည်း အန်ဒိုရာကိုအနိုင်ရယူနိုင်ခဲ့ပေမယ့် တူရကီကို အရေးနိမ့်ခဲ့ရတာကြောင့် ဒီပွဲမှာ နိုင်ပွဲရယူနိုင်ဖို့အားစိုက် လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အသင်းလိုက် စွမ်းဆောင်ရည် မှာတော့ အိုက်စလန်က ပိုမိုအားသာတယ်။ အိမ်ရှင်နိုင်မယ်။

 

ဒိန်းမတ် - အိုင်ယာလန်

နံနက် ၁:၁၅ (စနေနေ့နံနက်)

နောက်ဆုံးတွေ့ဆုံမှု ဒိန်းမတ် ဝ - ဝ အိုင်ယာလန်

အိုင်ယာလန်က အဖွင့်ပွဲနှစ်ပွဲစလုံး အနိုင်ရခဲ့ပေမယ့်လည်း ခြေစွမ်းပိုင်းတော့ အကောင်းဆုံးပုံစံမှာ မရှိပါဘူး။ ဂျီဘရော့ တာ၊ ဂျော်ဂျီယာတို့ကိုတောင် တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရ အောင် ခက်ခက်ခဲခဲကစားခဲ့ရပါတယ်။ ဥရောပနိုင်ငံများ ဖလားလိဂ်ပြိုင်ပွဲမှာ ဒိန်းမတ်ကို အဝေးကွင်းမှာရင်ဆိုင် ခဲ့ရတုန်းကလည်း အိုင်ယာလန်တို့ နိုင်ပွဲမရခဲ့ဘဲ သရေသာ ကစားနိုင်ခဲ့ပါတယ်။ ဒိန်းမတ်က ဆွစ်ဇာလန်ကိုတောင် သရေ ကစားနိုင်ခဲ့တယ်။ ဒိန်းမတ်နိုင်ပွဲရမယ်။

 

ယူကရိန်း - ဆားဘီးယား

နံနက် ၁:၁၅ (စနေနေ့ နံနက်)

နောက်ဆုံးတွေ့ဆုံမှု ယူကရိန်း ၂ - ဝ ဆားဘီးယား

ဒီအုပ်စုအတွင်းမှာ ပေါ်တူဂီပါဝင်နေတာကြောင့် ခြေစစ်ပွဲတိုက်ရိုက်အောင်ဖို့အတွက်ဆိုရင် နှစ်သင်းစလုံးအတွက် ပွဲတိုင်းက အရေးကြီးနေပါတယ်။ အထူးသဖြင့် လက်ရှိအချိန်မှာ ယူကရိန်းက အုပ်စု ထိပ်ဆုံးမှာ ရပ်တည်နေတာ ကြောင့် အဆိုပါနေရာကို ဆက်ထိန်းနိုင်ဖို့ ခြေကုန်ထုတ် လာမှာဖြစ်သလို အိမ်ကွင်းလည်း ဖြစ်နေတယ်။ ယူကရိန်းရဲ့ ခြေစွမ်းပိုင်းကလည်း မဆိုးသလို ပေါ်တူဂီကိုတောင် သရေ ကစားနိုင်ခဲ့တယ်။ ဒါကြောင့် ဆားဘီးယားတို့ သရေလောက် ရမယ်။

 

သြစတြီးယား - ဆလိုဗေးနီးယား

နံနက် ၁:၁၅ (စနေနေ့နံနက်)

နောက်ဆုံးတွေ့ဆုံမှု သြစတြီးယား  ၃ - ဝ ဆလိုဗေးနီးယား

ဩစတြီးယားက ဒီယူရိုခြေစစ်ပွဲမှာ အားနည်းမှုတွေရှိနေပြီး နှစ်ပွဲကစားပြီးချိန်မှာ အစ္စရေးကိုရော ပိုလန်ကိုပါ နှစ်ပွဲစလုံး အရေးနိမ့်ခဲ့ပါတယ်။ ဒီလိုအခြေအနေကြောင့်လည်း အခုလို အိမ်ကွင်းပွဲမှာ နိုင်ပွဲစတင်ရယူနိုင်ဖို့ အတွက် အားစိုက် ကစားလာမှာသေချာနေပါတယ်။ ဆလိုဗေးနီးယားကလည်း ဒီအုပ်စုတွင်းမှာ နိုင်ပွဲမရသေးဘဲ နှစ်ပွဲစလုံး သရေကျထားလို့ ခြေကုန်ထုတ်မှာဖြစ်ပေမယ့် အိမ်ရှင်ဩစတြီးယားကသာ နိုင်ပွဲရမယ်။

 

ဖာရိုကျွန်းစု - စပိန်

နံနက် ၁:၁၅ (စနေနေ့နံနက်)

နောက်ဆုံးတွေ့ဆုံမှု စပိန် ၃ - ၁ ဖာရိုကျွန်းစု

စပိန်က ဥရောပနိုင်ငံများလိဂ်ဖလားပြိုင်ပွဲမှာ ခြေစွမ်းမပြ နိုင်ခဲ့ပေမယ့် ဒီယူရိုခြေစစ်ပွဲတွေမှာတော့ ခြေစွမ်းပြသထား နိုင်ပြီး နှစ်ပွဲကစားပြီးချိန်မှာ နော်ဝေကို နှစ်ဂိုး-တစ်ဂိုး၊ မော်လ်တာကို ၂-ဝ တို့နဲ့ အနိုင်ရယူထားနိုင်ပါတယ်။ စပိန်က အသင်းလိုက်စွမ်းဆောင်ရည်ကောင်းသလို ဒီပွဲအတွက်လည်း အဓိကကစားသမားတွေကို ရွေးချယ်ထားတယ်။ ဖာရိုကျွန်းစု ကတော့ အသင်းငယ်တစ်သင်းသာ ဖြစ်တယ်။ အဝေးကွင်းမှာ ကစားရမှာဖြစ်ပေမယ့် စပိန်ပဲ ဂိုးပြတ်နိုင်ပွဲရမယ်။

 

ဂရိ - အီတလီ

နံနက် ၁:၁၅ (တနင်္ဂနွေနေ့ နံနက်)

နောက်ဆုံးတွေ့ဆုံမှု ဂရိ ၁ - ၁ အီတလီ

ဂရိကအိမ်ကွင်းပွဲတွေမှာဆိုရင် ကစားပုံကောင်းမွန်တတ်သလို မာကျောမှုလည်းရှိတဲ့ အသင်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဂရိအနေနဲ့ အုပ်စုဒုတိယရယူနိုင်ဖို့အတွက်လည်း ဘော့စနီးယားနဲ့အားပြိုင်နေရတာကြောင့် အခုပွဲမှာ အမှတ်ခွဲယူနိုင် ဖို့ကို အားစိုက်ကစားလာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အီတလီ ကလည်း ယူရိုပြိုင်ပွဲဝင်ခွင့်ရဖို့ ခြေကုန်ထုတ်လာမှာဖြစ်ပြီး အဖွင့်နှစ်ပွဲစလုံးမှာလည်း အနိုင်ယူနိုင်ခဲ့ပါတယ်။ ကစားသမား စုဖွဲ့ မှုကွာဟနေတာကြောင့် အီတလီပဲနိုင်မယ်။

 

တူရကီ - ပြင်သစ်

နံနက် ၁:၁၅ (တနင်္ဂနွေနေ့ နံနက်)

နောက်ဆုံးတွေ့ဆုံမှု ပြင်သစ် ၁ - ဝ တူရကီ

တူရကီက အုပ်စုဒုတိယနေရာအတွက် အယ်လ်ဘေးနီးယား၊ အိုက်စလန်တို့နဲ့အားပြိုင်နေရတာကြောင့် ဒီပွဲမှာ အမှတ်ခွဲယူ ထားနိုင်ဖို့ အားစိုက်ကစားလာမှာ သေချာနေပါတယ်။ တူရကီ က အိမ်ကွင်းပွဲတွေမှာဆိုရင်လည်း ကစားပုံ ပိုမိုကောင်း မွန်တတ်ပြီး မာကျောမှုရှိပါတယ်။ ဒါပေမယ့် ပြင်သစ်ကိုတော့ ပွဲချိန်ပြည့် ထိန်းချုပ်နိုင်ဖို့ခက်ပါတယ်။ လက်ရှိအချိန်မှာ ခြေစွမ်းထက်နေတဲ့ ပြင်သစ်ကသာ အဝေးကွင်း ဖြစ်ပေမယ့် နိုင်ပွဲရယူသွားဖို့ရှိတယ်။

 

ဘီလာရုစ် - ဂျာမနီ

နံနက် ၁:၁၅ (တနင်္ဂနွေနေ့နံနက်)

နောက်ဆုံးတွေ့ဆုံမှု ဂျာမနီ ၂ -၂ ဘီလာရုစ် 

ဒီအုပ်စုတွင်းမှာ မြောက်အိုင်ယာလန်နဲ့ ဟော်လန်တို့လို အသင်းကောင်းတွေပါဝင်နေတာကြောင့် ဂျာမနီအနေနဲ့ ခြေစစ်ပွဲတိုက်ရိုက်အောင်ဖို့အတွက် ပွဲတိုင်းကို အားစိုက် ကစားမှာ သေချာနေပါတယ်။ လက်ရှိဂျာမနီရဲ့ ခြေစွမ်းကလည်း ပြန်လည်ကောင်းမွန်လာကာ ဟော်လန်ကိုတောင် အဝေးကွင်းမှာ အနိုင်ယူနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ခြေစွမ်းအားနည်းလွန်းတဲ့ ဘီလာရုစ်ကို ဂျာမနီတို့ ဂိုးပြတ်နိုင် ပွဲရယူသွားနိုင်မှာပါ။

 

ဘယ်လ်ဂျီယံ - ကာဇက်စတန်

နံနက် ၁:၁၅ (တနင်္ဂနွေနေ့နံနက်)

နောက်ဆုံးတွေ့ဆုံမှု ဘယ်လ်ဂျီယံ ၄ - ၁ ကာဇက်စတန်

ကာဇက်စတန်ခြေစွမ်းမဆိုးပေမယ့် အဝေးကွင်းမှာတော့ ခြေစွမ်းကျဆင်းတတ်ပါတယ်။ ဘယ်လ်ဂျီယံက ကမ္ဘာ့ထိပ်တန်း ကစားသမားကောင်းတွေကို ပိုင်ဆိုင်ထားတဲ့ အသင်းဖြစ်ပြီး အသင်းလိုက် ခြေစွမ်းလည်း ကောင်းမွန်ပါတယ်။ ဘယ်လ်ဂျီယံတို့ အိမ်ကွင်းဖြစ်တာကြောင့်လည်း ဒီလိုပွဲမျိုး မှာ အမှားခံမှာ မဟုတ်ပါဘူး။ တိုက်စစ်အားပြုကစားလာမှာ လည်းဖြစ်တာကြောင့် ကာဇက်စတန်ကို ဖိအားပေးနိုင်မှာပါ။ ဘယ်လ်ဂျီယံကသာ ဂိုးပြတ်နိုင်ပွဲယူသွားမှာပါ။

 

mdn

 

ဝေမိုးဆက် - ရေးသားသည်