ယူတာ အမျိုးသားဥယျာဉ်အတွင်း ဂျပန်ကမ္ဘာလှည့်ခရီးသွားနှစ်ဦး လဲကျသေဆုံး

၂ ဒီဇင်ဘာ

အမေရိကန်နိုင်ငံ အနောက်ပိုင်း ယူတာပြည်နယ်ရှိ အမျိုးသားပန်ခြံအတွင်း ဂျပန်နိုင်ငံသားနှစ်ဉီး လဲကျသေဆုံးခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သောကြာနေ့က အာချာ အမျိုးသားဉယျာဉ်အတွင်း အသက် ၆၀ ကျော် အမျိုးသားတစ်ဉီးနှင့် အမျိုးသမီးတစ်ဉီးအပါအဝင် နှစ်ဉီးသေဆုံးခဲ့ကြောင်းအဆိုပါ ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဉီးလည်း လဲကျပြီး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ ကောင်စစ်ဝန်ရုံးမှလည်း အချက်အလက်များကို အတည်ပြုချက်ရယူရန် ကြိုးစားလျက်ရှိသည်။

အဆိုပါဥယျာဉ်မှာ သဘာဝကျောက်တုံးမုခ် ၂၀၀၀ ကျော်ရှိမှုကြောင့် ထင်ရှားလှပြီး နာမည်ကျော်ကြားလှသော ခရီးသွားနယ်မြေတစ်ခုဖြစ်သည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်