နေပြည်တော် ၁၁ အောက်တိုဘာ
အောက်တိုဘာလ ၁၁ ရက်၊ မြန်မာစံတော်ချိန် (၀၀) နာရီ၊ (၀၈) မိနစ်တွင် တမူးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၅၁ မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Myanmar-India Border Region) မြောက်လတ္တီတွဒ် ၂၄ ဒသမ ၆၁ ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် ၉၃ ဒသမ ၆၁ဒီဂရီ၊ အနက် ၇၂ ကီလိုမီတာ ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး ၅ ဒသမ ၅ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
MDN


