၁၆ အောက်တိုဘာ

 

ယနေ့ နံနက် ၉ နာရီ ၅၇ မိနစ်ခန့်တွင် တမူးမြေငလျင်စခန်းမှ အရှေ့ဘက် (၂၈)မိုင်ခန့် ဖောင်းပြင်မြို့၏ အနောက်တောင်ဘက် (၅)မိုင် ခန့်အကွာတွင် အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။

 

အဆိုပါ ငလျင်သည် မြောက်လတ္တီတွဒ် ၂၄ ဒသမ ၂၁ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒသမ ၇၆ဒီဂရီ၊ အနက် ၅၄ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၃ ဒသမ ၉အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိသည်။

 

Crd-မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန