ကလော      ဒီဇင်ဘာ      ၁၀

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့  ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား / အမျိုးသမီးအသက် ( ၁၈ )  နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ကလောမြို့နယ်ကိုယ်စားပြု လူရွေးချယ်ယှဉ်ပြိုင်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီခန့်က ကလောမြို့နယ် အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

အဆိုပါပြေးခုန်ပစ်ပြိုင်ပွဲတွင် မြို့နယ်အားကစားနှင့် လူငယ်ရေးရာဦးစီးဌာနမှ   အားကစားမှူးဒေါ်ကျော့ကေခိုင်ထွန်းက ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအမျိုးသား/အမျိုးသမီး အသက် (၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည် ။   

 

ထို့နောက် မီတာ (၁၀၀) ကျား /မ(ငယ်)  ၊  မီတာ(၁၀၀) ၊   မီတာ(၂၀၀) ၊ မီတာ(၄၀၀) ကျား / မ (ကြီး ) ၊   သံလုံးပစ် ကျား / မ နှင့် အလျားခုန် ကျား  / မ ပြိုင်ပွဲများ ကျင်းပခဲ့ရာ ကလောမြို့နယ်ရှိ အထက ၊ အထက(ခွဲ) ကျောင်းများမှ အသက်(၁၈) နှစ်အောက် ကျောင်းသား/ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ပထမ ၊ ဒုတိယ ၊ တတိယ ဆုရရှိသူများအား မြို့နယ်အားကစားမှူး   ဒေါ်ကျော့ကေခိုင်ထွန်းနှင့်  တာဝန်ရှိသူများက  ဆုများပေးအပ်ချီးမြှင့်ကြသည်။ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းများအား အားကစားပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မြို့နယ် ပြန်/ဆက်