ကလော ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား / အမျိုးသမီးအသက် ( ၁၈ ) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ကလောမြို့နယ်ကိုယ်စားပြု လူရွေးချယ်ယှဉ်ပြိုင်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီခန့်က ကလောမြို့နယ် အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပြေးခုန်ပစ်ပြိုင်ပွဲတွင် မြို့နယ်အားကစားနှင့် လူငယ်ရေးရာဦးစီးဌာနမှ အားကစားမှူးဒေါ်ကျော့ကေခိုင်ထွန်းက ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအမျိုးသား/အမျိုးသမီး အသက် (၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည် ။
ထို့နောက် မီတာ (၁၀၀) ကျား /မ(ငယ်) ၊ မီတာ(၁၀၀) ၊ မီတာ(၂၀၀) ၊ မီတာ(၄၀၀) ကျား / မ (ကြီး ) ၊ သံလုံးပစ် ကျား / မ နှင့် အလျားခုန် ကျား / မ ပြိုင်ပွဲများ ကျင်းပခဲ့ရာ ကလောမြို့နယ်ရှိ အထက ၊ အထက(ခွဲ) ကျောင်းများမှ အသက်(၁၈) နှစ်အောက် ကျောင်းသား/ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ပထမ ၊ ဒုတိယ ၊ တတိယ ဆုရရှိသူများအား မြို့နယ်အားကစားမှူး ဒေါ်ကျော့ကေခိုင်ထွန်းနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြသည်။ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းများအား အားကစားပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်


